အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ – အပိုင်း – ၆

blank
၁။ မှန်တော့ မှန်သလို ရှိသားဟ…

ဆရာကြီး။ သင်္ချာ ဥာဏ်စမ်းတစ်ပုဒ် မေးမယ်။ မင်းအဖေက တစ်ပတ်ကို ဒေါ်လာ ၃ဝဝ ဝင်ငွေရှိတယ်… တစ်ကယ်လို့ သူက မင်းအမေကို တစ်ဝက်ပေးလိုက်ရင် သူဘာရမလဲ…

ကျောင်းသား။ နှလုံးရောဂါပါ ဆရာကြီး။

၂။ ဘာမှလဲ သိပဲနဲ့…

ဆရာကြီး။ မင်းမှာ တစ်ဒေါ်လာရှိတယ်… မင်းအဖေဆီက တစ်ဒေါ်လာ ထပ်တောင်းလိုက်မယ် ဆိုရင် စုစုပေါင်း မင်းမှာ ဘယ်လောက်ရှိမလဲ…

ကျောင်းသား။ ၁ ဒေါ်လာပါ ဆရာကြီး…

ဆရာကြီး။ အန်… မင်း သင်္ချာ သဘောတရားတွေ မသိပါဘူးကွာ…

ကျောင်းသား။ ဆရာကြီးလည်း ကျွန်တော့်အဖေအကြောင်း မသိပါဘူးဗျာ…

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စာသာ အဲ့လောက်တော်ရင်

သမီး။ ဖေဖေ… အမှောင်ထဲမှာ စာရေးတတ်လားဟင်…

အဖေ။ အင်း… ရတော့ ရလောက်ပါတယ် သမီးရ… ဘာလို့တုန်း…

သမီး။ ဒါဆို သမီး အမှတ်စာရင်းမှာ လက်မှတ်ထိုးပေး…

၎။ မှတ်တောင်ထားရဦးမယ်…

အမေ။ ဘာလို့ စာမေးပွဲအမှတ်တွေ နည်းနေတာလဲ သား…

သား။ ကျောင်းပျက်လို့ပေါ့ မေမေရာ…

အမေ။ ဟင်… နင်က စာမေးပွဲနေ့ကြီးကို ကျောင်းပျက်တယ်ပေါ့… ဟုတ်လား…

သား။ ဘယ်ဟုတ်မလဲ မေမေရာ… သားဘေးကကောင် ကျောင်းမလာတော့ အမှတ်တွေနည်းကုန်တာပေါ့ဗျ…

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။