၁။ အသာလုပ်ပါဟ…
ဆရာကြီး။ ဂျော့ရှ် ဝါရှင်တန်(George Washington) က သူ့အဖေရဲ့ ချယ်ရီပင်ကို ပုဆိန်နဲ့ ခုတ်ပစ်ရုံတင် မကဘဲ သူ့အပြစ်လည်း သူဝန်ခံလိုက်တယ်။ ကဲ… ငါ့တပည့်… သူ့အဖေက ဘာလို့ သူ့ကို မရိုက်လဲ သိလား…
တပည့်။ သူ့လက်ထဲမှာ ပုဆိန်ကြီး ကိုင်ထားသေးလို့ နေမှာပေါ့ ဆရာကြီးရာ…
၂။ တော်တော်ပြင်းတဲ့ ရောဂါကြီး…
မိန်းမတစ်ယောက်က ဆေးခန်းထဲကို ပြေးဝင်လာပြီး “ဆရာ… ဆရာ… ကျွန်မတော့ ဆရာမှ တစ်ပါး ကူကယ်ရာ မရှိ ဆိုသလို ဖြစ်နေပါပြီရှင်။ ကျွန်မတစ်ကိုယ်လုံး ဘယ်နေရာထိထိ နာနေတော့တာပါပဲ…”
ဆရာဝန်ကလည်း “ပြကြည့်ပါဦး” တဲ့။
ဒီတော့ အမျိုးသမီးက သူ့ခြေချင်းဝတ်ကို လက်နဲ့ ထိုးလိုက်တယ်။ တော်တော်နာသွားပြီး မျက်နှာကြီး ရှုံ့မဲ့နေတယ်။ ဒူးကို ထိုးလိုက်တယ်။ အသံတောင်ထွက်ပြီး ညည်းလိုက်သေး။ နဖူးကို ထိုးလိုက်တယ်။ အမလေး ဘီလူးမ သံပုရာသီး ကိုက်ထားသလိုပဲ။
သူမကတော့ ဆက်ပြီး လုပ်ပြနေတယ်။ ဆရာဝန်က “ရပါပြီ … ကျွန်တော် စဉ်းစားကြည့်လိုက်ဦးမယ်ဗျ…”တဲ့။ သူက ခဏလောက်လဲ စဉ်းစားပြီးရော ပြောလိုက်တာက… “ကျွန်တော်သိပြီ… ခင်ဗျားပြဿ နာက တစ်ခြားတော့ မဟုတ်ဘူး… လက်မှာအနာဖြစ်နေတာဗျ… ဒါကြောင့် ဘာထိထိ နာနေတော့တာပေါ့ဗျာ…” တဲ့ ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ သွား… လူဆိုး…
က။ ခင်ဗျား တစ်ရက်ကို ဆေးလိပ် ဘယ်နှလိပ်သောက်လဲ…
ခ။ ဆယ်လိပ်လောက်…
က။ ဘယ်လောက်ကုန်လဲ…
ခ။ ၅ လိပ်ကို ၁ ဒေါ်လာ…
က။ ဒါဆို တစ်ရက် ၂ ဒေါ်လာလောက် ကုန်တာပေါ့… ဆေးလိပ်သောက်တာရော ဘယ်လောက်ကြာပြီလဲ…
ခ။ နှစ် ၃၀…
က။ ၁ ရက်ကို ၂ ဒေါ်လာကုန်တာ ဆိုတော့ နှစ် ၃၀ ဆို တော်တော်ကုန်ခဲ့ပြီပဲဗျ…
ခ။ ဒါပေါ့…
က။ ဟိုး ထောင့်က ရုံးအဆောက်အဦးကြီး ခင်ဗျားတွေ့လား…
ခ။ အင်း…
က။ ခင်ဗျားသာ ဆေးလိပ်မသောက်ခဲ့ရင် အဲ့ဒီလို အဆောက်အဦးမျိုးတောင် ပိုင်နေလောက်ပြီဗျ…
ခ။ ဒါနဲ့ နေပါဦး… ခင်ဗျားရော ဆေးလိပ်သောက်လား…
က။ ယောင်လို့တောင် လက်ဖျားနဲ့ မထိဘူး…
ခ။ ဒါဆို ခင်ဗျား အဲ့ဒီလို အဆောက်အဦးမျိုး ပိုင်နေပြီပေါ့…
က။ ဟင့်…အင်း… အိပ်မက်ထဲတောင် ထည့်မမက်ရဲဘူး…
၎။ ကျွန်တော်မျိုး မှားမိတာပါဗျာ…
စားသုံးသူ။ ဟေး… ညီလေး… မင်းတို့ ဟင်းပွဲတွေက ပိုပို နည်းလာသလိုပဲ ဟ…
စာပွဲထိုး။ ဆရာ အမြင်မှားတာ နေမှာပါ ဆရာရယ်… အခု ကျွန်တော်တို့ ဆိုင်က ချဲ့ထားကာစ ဆိုတော့ ဆရာ့မျက်စိထဲ ပန်းကန်ပဲ သေးနေသလို၊ ဟင်းပဲ နည်းနေသလို ဖြစ်နေတာ နေမှာပါဗျ။
သဘာကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။