အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ အပိုင်း – ၁

blank
၁။ မအေထက် သမီးတစ်လကြီး

စပ်စုတတ်တဲ့ ကလေးမလေးက သူ့အမေကို မေးတယ်။ “မေမေ… မေမေ့ခေါင်းမှာ ဘာလို့ ဆံပင်ဖြူတွေ ပေါက်နေရတာလဲ” တဲ့။

အမေဖြစ်သူက ဒီခွင်ကို အမိအရ အသုံးချပြီး “အဲ့ဒါ သမီးကြောင့်ပေါ့ သမီးရယ်၊ သမီးလေး တစ်ခုခု ဆိုးတိုင်း မေမေ့မှာ ဆံပင်ဖြူတွေ ပေါက်ပေါက် လာတာပေါ့ကွယ်” ဆိုပြီး သူ့သမီးလေး ပိုပြီး လိမ္မာလာအောင် မုသားသုံးလိုက်တယ်။

အဲ့ဒီအခါ ကလေးမလေး စိတ်ထဲရှိတဲ့ အတိုင်း ပြန်ပြောလိုက်တာက “သြော်… အဖွား တစ်ခေါင်းလုံး ဘာလို့ ဖြူဖွေးနေတာလဲ ဆိုတာ သိပြီ” တဲ့လေ။

၂။ ခေါင်းဆောင် ဆိုပဲ…

ရေတပ်ဗိုလ်တစ်ယောက်ကို သူ့ရဲ့ လက်ထောက်ဖြစ်သူက သူတို့ရဲ့ ရှေ့တည့်တည့်ကို ပင်လယ်ဓားပြ သင်္ဘောတစ်စီး ဦးတည်လာနေတယ် ဆိုတာ တင်ပြလိုက်တယ်။ အဲ့ဒီအခါ ရေတပ်ဗိုလ်က သင်္ဘောသားလေးကို သူ့ရဲ့ ရှပ်အင်္ကျီအနီကို ယူပေးဖို့ ခိုင်းလိုက်ပါတယ်။

သင်္ဘောသားလေးက နားမလည်နိုင်ဖြစ်သွားပြီး ဘာလို့ အနီရောင် ရှပ်အင်္ကျီကို ယူခိုင်းတာလဲ ဆိုတာ မေးတော့တာပေါ့။

ရေတပ်ဗိုလ် ပြန်ပြောပြတာက “တစ်ကယ်လို့ ဒီတိုက်ပွဲမှာ ငါဒဏ်ရာရပြီး သွေးထွက်ရင် မင်းတို့ သတိမထားမိဘဲ မထိတ်လန့်အောင် ပေါ့ကွာ” တဲ့။ အဲ့ဒီနောက်တော့ တိုက်ပွဲကို သူတို့ အနိုင်တိုက်နိုင် လိုက်ကြတယ်။

နောက်ရက်အတော်ကြာတဲ့ အခါမှာတော့ ရေတပ်ဗိုလ်ဟာ သူတို့ဆီကို ဦးတည်ပြီး ဓားပြ သင်္ဘော အစီး ၅ဝ လာနေတယ် ဆိုတာသိလိုက်ရတယ်။ အဲ့ဒီအချိန်မှာ သင်္ဘောသားလေးတွေ ကြားလိုက်ရတာက “ငါ့… ငါ့… င့ါကို ဘောင်းဘီ အ… အ…အညိုရောင်ပေး…ပေး… ပေးကွာ” ဆိုတဲ့ ရေတပ်ဗိုလ်ရဲ့ တုန်တုန်ယင်ယင် အသံကြီးကိုပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူပြောမှပဲ…

ဆရာကြီး။ အိုင်းဆက် နယူတန်က (Isaac Newton) သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေတုန်း သူ့ခေါင်းပေါ်ကို ပန်းသီးကြွေကျရော။ အဲ့ဒါနဲ့ပဲ သူက ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားဆိုတာကို ရှာဖွေ တွေ့ရှိသွားတယ်။ ဘယ်လောက် အံသြစရာ ကောင်းလဲကွာ။

ကျောင်းသား။ ဟုတ်ကဲ့ပါ ဆရာကြီး… တကယ်လို့သာ သူလည်း ကျွန်တော်တို့လို စာသင်ခန်းထဲမှာပဲ စာအုပ်တွေနဲ့ နပန်းလုံးနေခဲ့ရင် ဘာမှ ရှာဖွေတွေ့ရှိလိုက်မှာ မဟုတ်ဘူး… နှော…ဆရာကြီး။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။