အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ အပိုင်း – ၎

blank
၁။ ကဲ…သိပြီလား…

အဖေ။ အကြီးဖြစ်ပြီး မင်းမရှက်ဘူးလားကွ ဟင် ပီတာ(Peter) … ဘာလို့ ကိုယ့်ညီမလေးကိုယ် ရိုက်ရတာလဲ…

ပီတာ။ ဟာ ဖေဖေကဗျာ… ဘာမှလည်း မသိဘဲနဲ့… သားတို့က ပန်းသီးတွေနဲ့ အာဒံနဲ့ ဧဝ လုပ်တန်း ကစားနေတာဗျ… သားက အာဒံ… သူက ဧဝလေ… အဲ့ဒါ သူက သားကိုပဲ ပန်းသီးကျွေးရမှာကို သူချည်းစားပစ်လို့ ရိုက်ပစ်လိုက်တာ… သိပြီလား…

၂။ ဆိုးတော့ မဆိုးပါဘူး။

စာမေးပွဲနောက်ဆုံးရက်မှာ အမေဖြစ်သူက သားကို မေးလိုက်တယ် “သားလေး ဘယ်လိုလဲ မေးခွန်းတွေက ခက်လား “တဲ့။

သားဖြစ်သူက ပြန်ဖြေလိုက်တယ် ။ “မေးခွန်းအားလုံးကတော့ မဆိုးပါဘူး မေမေရာ”။

အမေဖြစ်သူ ကျေနပ်သွားတယ်။

အဲ့ဒီအချိန်မှာ သားဖြစ်သူ ဆက်ပြောလိုက်တာက “ဖြေရတာပဲ တော်တော် ဒုက္ခရောက်တာ မေမေရ…” တဲ့ဗျာ။

၃။ တော်သေးတာပေါ့…

ကျွန်တော့်မိန်းမ သဝန်တိုတတ်ချက်ကတော့ လက်လန်တယ် ဗျို့… ကျွန်တော့် ပြက္ခဒိန်ကို ယူကြည့်ပြီး မေ(May) ဆိုတာ ဘယ်သူလဲတဲ့ ပြူးတူးပြဲတဲနဲ့တောင် လာမေးလိုက်သေး… တော်သေးတာပေါ့ဗျာ… ဂျူလိုင်(July) ကို မမြင်လို့ …

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ခြောက်ဆယ်ကျော် အရွယ်နှောင်းကာမှ အချစ်ကျောင်းတက်ချင်

သန်တုန်းမြန်တုန်း ၆၅ နှစ်အရွယ် အဖိုးအို တစ်ယောက်ဟာ မြေးအရွယ် အသက် ၂ဝ ကလေးမလေးတစ်ယောက် ချစ်ကြိုက်မိကြပြီး လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတယ်။

“ငါသာ အသက် ၄၅ နှစ်လို့ လိမ်လိုက်ရင် ငါ့ကို ကောင်မလေး လက်ထပ်လောက်တယ် မလား” ဆိုပြီး သူ့သူငယ်ချင်းကို တိုင်ပင် ကြည့်လိုက်တယ်။

သူ့သူငယ်ချင်း ပြန်ပြောတာက “၉ဝ လို့သာ ပြောလိုက်စမ်းပါကွာ… အဲ့ဒါဆိုရင် ကပြီးတောင် လက်ခံဦးမယ်။ အခုခေတ် ကလေးမတွေက စိန်တစ်တင်းနဲ့ နေ့ချင်းသေမယ့် သူကို လိုက်ရှာနေတာကွ” တဲ့။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။