အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ အပိုင်း – ၃

၁။ ရိုက်တာတောင် နည်းသေး။

ကျောင်းက ပြန်လာတဲ့ ကလေးမလေး တစ်ယောက်က “မေမေ ဒီနေ့ ကျောင်းမှာ သမီး မလုပ်တဲ့ အရာတစ်ခုအတွက် ဆရာမက သမီးကို ရိုက်တယ်” ဆိုပြီး သူ့အမေကို တိုင်လိုက်တယ်။

ဒီတော့ အမေဖြစ်သူလည်း ဒေါသထွက်သွားပြီး “ဟုတ်လား… သမီး… အေး… မေမေ သမီး ဆရာမကို သွားကို ပြောပစ်မယ်… သူကများ ငါ့သမီးကို ဘာမှ မလုပ်တာကို ရိုက်ရတယ်လို့။ ဒါနဲ့…သမီးက ဘာကို မလုပ်ဘဲ အရိုက်ခံလိုက်ရတာတုန်း… “ ဆိုပြီး မေးလိုက်တယ်။

ကလေးမလေး ပြန်ပြောလိုက်တာက “အိမ်စာ” တဲ့။

၂။ တော်လိုက်တဲ့ တပည့်။

ဆရာကြီး။ မင်းဘာလို့် နောက်ကျတာလဲ ဂျိုးဆက်ဖ်(Joseph) …

ဂျိုးဆက်ဖ်။ လမ်းမှာ ဆိုင်းဘုတ်တစ်ခုတွေ့လို့ပါ ဆရာကြီး…

ဆရာကြီး။ ဟေ… မင်းက ဘာဆိုင်းဘုတ်များ တွေ့လို့ နောက်ကျရတာလဲ ဟ…

ဂျိုးဆက်ဖ်။ ဟို… ဟို… ဆိုင်းဘုတ်က… “သတိ ကျောင်းရှိသည်၊ ဖြည်းဖြည်း” တဲ့ပါ ဆရာကြီး…

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘုရား ကယ်ပေလို့ပဲ

ကောင်လေး။ ကျောင်းအုပ်ဆရာကြီးက ကြောင်တောင်တောင်ကြီးပါဟာ… ဟုတ်တယ်မလား…

ကောင်မလေး။ ထားပါတော့… ဒါနဲ့ နင် ငါ့ကို သိလား…

ကောင်လေး။ မသိပါဘူး… နင်က cele မို့လို့လား…

ကောင်မလေး။ အေး ငါက cele တော့ မဟုတ်ဘူး… နင်အတင်းပြောနေတဲ့ အဲ့ဒီ ကြောင်တောင်တောင်ကြီးရဲ့ သမီးဟဲ့…

ကောင်လေး။ အန်…သွားပြီ… ဟဲ… ဒါနဲ့ နင်ရော ငါ့ကို သိလား…

ကောင်မလေး။ အမလေး… နင့်ကို သိရအောင် နင်က K-Pop အဖွဲ့ထဲက မို့လို့လား…

ကောင်လေး။ ဟူး… တော်သေးတာပေါ့…

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။