ဘဝမှာ ပျော်ရွှင်မှုဆိုတဲ့ ပန်းလေးကို ဘယ်လိုခူးကြမလဲ

blank

ဒီဆောင်းပါးလေးမှာ ပါဝင်တာကတော့ သင့်ဘဝကို ပျော်ရွှင်အောင်လုပ်ပေးမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။ အောက်ပါ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပြီး ကျင့်သုံးကြည့်လိုက်ပါ။ သင့် ဘဝ ပိုပြီးပျော်ရွှင်ဖွယ်ကောင်းလာမှာဆိုတာကို ဂန္တဝင်က အကြံပေးချင်ပါတယ်။

  • တစ်နေ့တစ်နေ့မှာ ၁ဝ မိနစ်ကနေ မိနစ်၃ဝ အထိ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်နေတဲ့ အချိန်မှာလည်း အမြဲပြုံးနေပါ။
  • တစ်ရက်ကို အနည်းဆုံး ၁ဝ မိနစ်လောက် တိတ်တဆိတ် နေကြည့်ပါ။
  • မနက်ခင်းတစ်ခုကို စတော့မယ်ဆိုရင် ဒီနေ့လုပ်စရာရှိတာ အားလုံးကို ထိထိရောက်ရောက်နဲ့ အလုပ်မြောက်အောင်လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်သစ်လေးနဲ့စပါ။
  • စိတ်တောင့်တင်းခိုင်မာမှု၊ စိတ်လန်းဆန်းတက်ကြွမှု၊ ကိုယ့်ချင်းတရားတွေကို လက်ကိုင်ထားပါ။
  • သင့်ရဲ့ အချိန်တွေကို အသက် ၇ဝ ဆယ်ကျော်လူကြီးတွေနဲ့ အသက် ၆ နှစ်အောက်ကလေးတွေနဲ့ အတူတူ ကုန်ဆုံးစေပါ။ ဘဝအကြောင်း နားလည်စေမယ့် အပြင် ကလေးတွေရဲ့ အပူအပင်ကင်းမဲ့တဲ့ လုပ်ရပ်လေးတွေကနေလည်း သင်စရာလေးတွေ တွေ့လာလိမ့်မယ်။
  • သင် နိုးနေတဲ့အချိန်တိုင်းမှာ သင့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အဲဒီကို ဘယ်လိုရောက်အောင် သွားမယ်ဆိုတာတွေကို အမြဲတွေးတော်နေပါ။
  • တစ်ရက်ကို အနည်းဆုံး လူသုံးယောက်လောက်ကိုတော့ ပြုံးပျော်သွားအောင် လုပ်လိုက်ပါ။
  • ဘဝဆိုတာက ကျောင်းတော်ကြီးတစ်ခုဖြစ်ပြီး အဲ့ဒီကျောင်းတော်ကြီးမှာ သင်ယူစရာတွေနဲ့ ပြည့်နှပ်တယ်ဆိုတာကို သိနားလည်ထားပါ။ ပြဿနာတွေကတော့ သင်္ချာပုစ္ဆာတွေလိုပဲ ခက်တာလေးတွေလည်း တွေ့နိုင်သလို လွယ်တာလေးတွေလည်း တွေ့နိုင်ပါတယ်။
  • များများပြုံးပြီး များများရယ်မောပေးပါ။ ကြာလာတဲ့အခါမှာ ရန်သူတွေတောင် သင့်မိတ်ဆွေဖြစ်လာမှာပါ။
  • ဘဝက မျှတမှုမရှိဘူးဆိုပေမယ့် တစ်ခါတစ်လေတော့       ကောင်းမွန်တဲ့နေ့ရက်လေးတွေ ကြုံရတတ်ပါတယ်။
  • တစ်ခြားသူတွေကို မုန်းတီးပြီး အချိန်ဖြုန်းဖို့ သင့်မှာ အချိန်မရှိဘူး။
  • အများကြောင့်မဟုတ်ပဲ သင့်ကိုယ်တိုင်ကြောင့် စိတ်မညစ်ရပါစေနဲ့။
  • တစ်ဦးနဲ့ တစ်ဦး ငြင်းခုံနေမယ့်အစား ညှိနှိုင်းလိုက်ပါ။
  • အတိတ်အကြောင်းတွေကို တွေးပြီးလက်ရှိအချိန်လေးတွေကို မဖြုန်းလိုက်ပါနဲ့။
  • တစ်ခြားလူတွေရဲ့ လက်ရှိအောင်မြင်မှုတွေကို ကြည့်ပြီး အားကျမနေပါနဲ့။ သူတို့ ဆူးခင်းလမ်းတွေ လျှောက်နေတုန်းက သင်သိတောင် သိခဲ့မှာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ကြိုးစားပါ။

သင့် ပျော်ရွှင်မှုကို သင်ကိုယ်တိုင်ပဲ ဖန်တီးရမှာပါ။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

  • လူတွေကို တက်နိုင်သမျှ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
  • သူများတွေ သင့်ကို ဘယ်လိုထင်လဲ ဆိုတာက သင့်အလုပ်မဟုတ်ပါဘူး။
  • အချိန်ယူပြီး လုပ်တဲ့အရာမှန်သမျှက အောင်မြင်တာများပါတယ်။ အဲ့ဒါကြောင့် အလုပ်တစ်ခုကို အချိန်ယူပြီး သေချာလုပ်ကြည့်ပါ။
  • ဘဝမှာ အမြဲမပျော်ရသလို အမြဲလည်း စိတ်ဆင်းရဲနေရမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါ။
  • အလုပ်တစ်ခုတည်းကိုပဲ       ရှေ့တန်းမတင်ထားပါနဲ့။ သင့်သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း အချိန်ပေးလိုက်ပါ။ သင့်နေမကောင်းတဲ့ အချိန်ကျရင် သူတို့ကပဲ သင့်အနားမှာ ရှိနေမှာပါ။
  • ဘဝမှာ ဘာမှအသုံးမဝင်တဲ့ ပစ္စည်းတွေအတွက် အချိန်ကုန်ငွေကုန် မဖြစ်ပါစေနဲ့။
  • အကောင်းဆုံးနေ့ဆိုတာ ငါ့ဆီမှာရလာအုံးမှာဆိုတဲ့ ယုံကြည်စိတ်နဲ့ပဲ ရှေ့ဆက်သွားပါ။
  • စိတ်ထဲမှာ ဘာပဲဖြစ်နေပါစေ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်လုပ်နိုင်အောင်ပဲ ကြိုးစားပါ။
  • ကောင်းမှုကုသိုလ်ကို တက်နိုင်သမျှများများလုပ်ပါ။
  • သင့်မိသားစုနဲ့ ဝေးနေရင်လည်း အဆက်အသွယ်မပြတ်ပါစေနဲ့။
  • သင် ညအိပ်ရာဝင်တော့မယ်ဆိုရင် တစ်နေ့လုံးလုပ်ခဲ့တဲ့ အရာလေးတွေကို စဉ်းစားပြီး သင့်ကို ဖြစ်မြောက်အောင်ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ။
  • အလိုဆန္ဒကြီးလေ စိတ်ဖိစီးမှုများလေဆိုတာလည်း မမေ့ပါနဲ့။
  • ဘဝကို သေချာ ခံစားကြည့်လိုက်ပါ။ ဘဝက ပျော်ရွှင်ဖွယ်တွေနဲ့ ပြည့်နှပ်နေတဲ့ Disney World မဟုတ်ပါဘူး။ အခက်အခဲတွေတော့ ရှိမှာပါ။ ဒါပေမယ့်လည်း အဲ့ဒီအခက်အခဲတွေကို ဖြတ်ကျော်ပြီး ကိုယ့်ဘဝကို ပျော်ရွှင်အောင် နေထိုင်သွားရမှာပါ။

ဒီစာလေးကို ဖတ်ပြီး ပျော်ရွှင်မှုလေးတွေ ခံစားလိုက်ရတယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါ။