စိတ်တွေ ရှုပ်ထွေးနေပြီး ဘာကြောင့်လဲလို့ အဖြေရှာ မရဖြစ်နေပါသလား

blank

တစ်ခါတစ်လေ စိတ်တွေမကြည်မလင်နဲ့ ဘာလုပ်လုပ် စိတ်မပါလက်မပါ ဖြစ်နေတာမျိုးတွေ လူတိုင်းကြုံဖူးကြမယ် ထင်ပါတယ်။ အဖြေရှာကြည့်လည်း ဘာကြောင့်မှန်းမသိ ဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံနေရပြီဆိုရင်တော့ အောက်ဖက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို ဂရုတစိုက် သုံးသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

လူ့စိတ်ကို အလိုမကျ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေ အများဆုံးကတော့…

၁။ ကိုယ်ကသတိမထားမိပေမယ့် ကိုယ်ကျင်လည်နေကျ ပတ်ဝန်းကျင်ကြီးကို စိတ်ပျက်ညီးငွေ့လာတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အဲဒီနေရာကနေ ခဏဖြစ်ဖြစ် ရွှေ့ပြောင်းတာမျိုး၊ ခရီးထွက်လိုက်တာမျိုးလေးတွေက စိတ်တွေကို ပြန်လည် လန်းဆန်းလာစေပါလိမ့်မယ်။ ဒေသအသစ်၊ ပတ်ဝန်းကျင် အသစ်က လူတွေနဲ့ အလိုက်သင့်စီးမျောလိုက်ခြင်းက စိတ်ရဲ့ ညစ်နွမ်းမှုတွေအားလုံး ဖြေဖျောက်ပစ်နိုင်ပါတယ်။

၂။ နောက်တစ်မျိုး ဖြစ်နိုင်ခြေက ကိုယ့်ကိုယ်ကို အလိုမကျတာမျိုး ဖြစ်နိုင်ပါတယ်။ အစားအသောက် မဆင်ခြင်မိတာကြောင့် နေမကောင်းထိုင်မကောင်း ဖြစ်ပြီး စိတ်လက်မကြည်မသာ ဖြစ်နေတတ်တာမျိုး၊ အလုပ်တွေအရမ်းများပြီး၊ လေ့ကျင့်ခန်းတွေ၊ ကိုယ်လက်လှုပ်ရှားတွေ မလုပ်ဖြစ်တာကြောင့် လူက လေးလံထိုင်းမှိုင်းနေတတ်တာမျိုးတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ညီညွတ်မျှတအောင် ပြန်လည် စီမံပေးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လတ်ဆတ်တဲ့ ဖျော်ရည်၊ သန့်ရှင်းတဲ့ အစားအစာ၊ အသီးအရွက် စတာတွေကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုဆိုသင့်ရဲ့ စိတ်အလိုမကျမှု၊ ညစ်နွမ်းမှုတွေလည်း လျော့ကျသွားပါလိမ့်မယ်။

၃။ တတိယ အချက်အနေနဲ့ ဖြစ်နိုင်တာကတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ခိုင်မာတဲ့ ခံယူချက်တွေနဲ့ ပတ်သက်ပြီး အတွေးလွန်နေတာတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကုသဖို့ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အသိဥာဏ်၊ အတွေးအခေါ်တွေနဲ့ မှ ဖြေဖျောက်လို့ ရတော့မှာပါ။ အရမ်းကြီးစိတ်ကို တင်းမထားဘဲ လွတ်လပ်ပေါ့ပါးစွာနဲ့ ဘဝကို ဖြတ်သန်းဖို့ အရေးကြီးနေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ နောက်တစ်ချက်အနေနဲ့ ဖြစ်နိုင်တာက ကိုယ့်မှာဖြစ်ပျက်နေတဲ့ အရာအားလုံးကို အလိုမကျဖြစ်ပြီး စိတ်ထဲမှာ ရှုပ်ထွေးနေတတ်တာမျိုးပါ။ ဒီလိုအခြေအနေမျိုးကိုတော့ အသိဥာဏ်ပညာတွေနဲ့ စဉ်းစားတွေးခေါ်ပြီး ကျော်လွှားလို့ မရပါဘူး။ ကိုယ်လုပ်ချင်နေတဲ့အရာတစ်ခုကို တစိုက်မတ်မတ်နဲ့ အောင်မြင်အောင် လုပ်ကြည့်လိုက်ပါ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်ရလာပါလိမ့်မယ်။ နောက်တစ်နည်းအနေနဲ့ ကိုယ့်စိတ်တွေတည်ငြိမ်လာအောင် တရားထိုင်တာမျိုး ယောဂကျင့်တာမျိုးလေးတွေကလည်း စိတ်တွေကို ကြည်လင်လာအောင် ပြန်လည် ကုစားပေးလို့ ရပါလိမ့်မယ်။

၅။ နောက်ဆုံး တစ်ချက်ကတော့ အရမ်းကို ဖြစ်ခဲပါတယ်။ ကိုယ်လုပ်နေတဲ့ အရာအားလုံး အဓိပ္ပါယ်မရှိတော့သလို ခံစားနေရတာမျိုးပါ။ ဒီလိုအခြေအနေမျိုးကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်လို့မရပါဘူး။ ကိုယ်တတ်နိုင်တဲ့ အင်အားလေးနဲ့ အမြန်ဆုံး လွတ်မြောက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဥပမာ- အလုပ်ပြောင်းလိုက်တာမျိုး၊ နေတဲ့နေရာ ပြောင်းလိုက်တာမျိုးတွေပေါ့။ ဒီလို အပြောင်းအလဲလေးတွေနဲ့လည်း ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်သွားနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်လေးကို ပြန်သုံးသပ်ပြီး ငြိမ်းချမ်းအောင် နေဖို့ပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။