ခွေးလေးတစ်ကောင်ကို ဆရာတင်ကြည့်မယ် ဆိုရင်…

blank

တိရိစ္ဆာန်မြောက်များစွာ ရှိတဲ့အထဲမှာ ခွေးလေးတွေဟာ လူသားတွေနဲ့ အလွန်နီးစပ်တဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့မှာလည်း လူသားတွေကတောင် ပြန်ပြီး အတုယူသင့်တဲ့ အလေ့အကျင့်ကောင်းတွေ အများကြီးရှိနေပါတယ်။

၁။ ချစ်ခင်တဲ့ သူတွေလာတဲ့အခါ ပြေးပြီး နွေးထွေးစွာ ကြိုဆိုတတ်ခြင်း။

၂။ အခွင့်အရေးကို အမိဖမ်းပြီး ပျော်ပျော်နေတတ်ခြင်း။ (ကားအပျော်စီးဖို့လောက်ခေါ်လည်း ပျော်ပျော်ပဲလိုက်သွားတာပဲ။)

၃။ စိတ်ရွှင်လန်းစေဖို့ လေကောင်းလေသန့်တွေ၊ လေနုအေးလေးတွေကို ဂရုတစိုက် ခံစားတတ်ခြင်း။

၎။ မိမိစိတ်အဝင်စားဆုံး အရာကို လုံးဝပိုင်နိုင် ကျွမ်းကျင်သည်အထိ အမြဲလေ့ကျင့်ယူခြင်း။

၅။ တစ်ခြားသူတွေ သင့်ပိုင်နက်ကို ကျူးကျော်လာမိရင်လည်း သူတို့ဘာလုပ်မိတယ် ဆိုတာ သိစေခြင်း။

၆။ တစ်ရေးတစ်မော အိပ်စက်တတ်ခြင်း။ နိုးလာရင် အကြောဆန့်ပြီး တက်ကြွစွာနဲ့ လုပ်စရာရှိတာ ဆက်လုပ်တတ်ခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ ခွေးလေးတွေ နေ့စဉ် ခုန်ပေါက်ပြေးလွှား ဆော့ကစားနေကြသလို နေ့စဉ်ဘဝကို တက်ကြွဖျက်လက်စွာ ဖြတ်သန်းခြင်း။

၈။ ကိုယ့်ကို ပွတ်သပ်ပေးတာမျိုး၊ အာရုံစိုက်တာမျိုးကို စိတ်ရှုပ်စရာလို့ မမြင်ပဲ ကြည်နူးပျော်ရွှင်တတ်ခြင်း။

၉။ သူတို့လေးတွေက ဟောင်ရုံလောက်နဲ့ ရရင် မကိုက်တတ်သလို ပြောဆိုညှိနှိုင်းရုံနဲ့ အဆင်ပြေရင် ခိုက်ရန်မဖြစ်မိစေရန် အသိကပ်စေခြင်း။

၁ဝ။ အရမ်းမပူဘဲ နွေးထွေးရုံလောက် နေ့တွေမှာဆိုရင် မြက်ခင်းပေါ်မှာ လဲလျောင်းပြီး လွတ်လပ်မှုကို ခံစားတတ်ခြင်း။

၁၁။ အရမ်းပူတဲ့ နေ့တွေမှာ ရေများများသောက်ပြီး အရိပ်ရတဲ့ အပင်အောက်မှာ သက်တောင့်သက်သာ လဲလျောင်းနေတတ်ခြင်း။

၁၂။ ပျော်ရွှင်တဲ့ အချိန်မှာ သူတို့လေးတွေကတော့ အမြီးနှံ့တတ်ကြပေမယ့် ကျွန်တော်တို့ကတော့ တစ်ကိုယ်လုံးကို လှုပ်ခါပြီး အားပါးတရ ကခုန်ပျော်ရွှင်သင့်ကြောင်း သံဝေဂ ရစေခြင်း။

၁၃။ တစ်စုံတစ်ယောက်နဲ့ စကားများတာဖြစ်စေ၊ အဆူခံရတာဖြစ်စေ နှုတ်ခမ်းကြီးစူပြီး စိတ်ထဲမှာ တေးမှတ်ထားမနေဘဲ ပုံမှန်ပြန်ဆက်ဆံနိုင်ခြင်း။

၁၄။ ခရီးဝေးလမ်းလျှောက်ရတာကို နှစ်သက်ပျော်ရွှင်ခြင်း။

၁၅။ စားတဲ့အခါ မြိန်ရည်ယှက်ရည်နဲ့ အားပါးတရ စားခြင်း။

၁၆။ သစ္စာတရားကို လက်ကိုင်ထားခြင်း။ ကိုယ်မဟုတ်တာကိုလည်း ဟုတ်သလို ဟန်မဆောင်တတ်ခြင်း။

၁၇။ ခွေးလေးတွေဟာ သူတို့လိုချင်တာက မြေကြီးထဲမှာ မြုပ်နေရင်တောင် မရမက တူးဖော်ပြီး ယူတတ်သလို ကိုယ်လိုချင်တာကို ရဖို့ ဘယ်လို အခက်အခဲတွေ ကာဆီးနေပါစေ ရအောင်ယူတတ်ခြင်း။

၁၈။ တစ်စုံတစ်ယောက်စိတ်ညစ်နေတာသိရင် အနားမှာ ထိုင်ပြီး တိတ်တိတ်လေးနေပေး၊ ပြီးတော့ ညင်ညင်သာသာလေး ပွတ်သတ်ပြီး ဖေးမပေးတတ်ခြင်း။

သဘောကျ နှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။