အချိန် ၂ မိနစ်အတွင်း နောက်ကျောတက်ခြင်း သက်သာစေဖို့

blank

ဒီနေ့ခေတ် လူအတော်များများ ဖြစ်တတ်တာကတော့ နောက်ကျောတက် ဇက်ကျောထိုးခြင်းပါပဲ။ သင်ဟာ အထိုင်များတယ်၊ အလုပ်ဇွဲကြီးတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေ များတယ် ဆိုရင် ကြွက်သားတွေကို ထိခိုက်စေပြီး နောက်ကျောတက် ဇက်ကျောထိုးခြင်းတွေ ဖြစ်စေတတ်ပါတယ်။

၈ နာရီ သို့ ၈ နာရီထက် ပိုပြီး ထိုင်ရာမထ အလုပ်လုပ်တယ် ဆိုရင် ကျောရိုးကို ထိခိုက်စေပါတယ်။ အဲ့ဒီလိုကနေ စပြီး နောက်ကျောတက်ခြင်းက နေ့စဉ် နှောင့်ယှက်လာတတ်ပါတယ်။

အထိုင်များတာကြောင့် နောက်ကျောတက်ခြင်းကနေ အစပြုပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးလည်ပတ်မှုကို နှောင့်ယှက်တာတွေ၊ ကျောက်ကပ် ပြဿနာတွေကိုပါ ပိုတိုးလာစေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီပြဿနာ အတွက် နောက်ဆုံး ရှာဖွေတွေ့ရှိမှုကတော့ အရမ်းကို အဆင်ပြေ လွယ်ကူပါတယ်။ ကျန်းမာရေး မထိခိုက်စေဖို့ အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့ အခါမှာ ၂ မိနစ်လောက် လမ်းလျှောက်ပေးရုံပါ။ ၂ မိနစ်လောက် လှေခါး အတက်အဆင်း လုပ်ပေးလို့လည်း ရပါတယ်။ ကြွက်သားနဲ့ နှလုံးအတွက် ကောင်းမွန်စေပါတယ်။

သင် ဒီလေ့ကျင့်ခန်းလေးကို လုပ်ပေးတာနဲ့ပဲ အရင်တုန်းက သင့်ကို အနှောင့်အယှက်ပေးခဲ့တဲ့ နောက်ကျောတက် ဇက်ကျောထိုးခြင်း ကိုလည်း သက်သာစေမှာပါ။

ဒီတော့ လုပ်ဖော်ကိုင်ဖက်တွေကို သင့်ဆီမခေါ်ဘဲ သူတို့ဆီသာ လမ်းလျှောက်သွားပါ။ သိပ်မဝေးတဲ့နေရာကို ကားစီးမယ့်အစား လမ်းလျှောက်ပေးလိုက်ပါ။ အထိုင်များတာကို ရှောင် နိုင်သလောက် ရှောင်ပါ။

သဘောကျတယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။