“ပျော်ပျော်နေ သေခဲ”တဲ့။ ဒါပေမယ့် ပျော်ရွင်မှုတွေကို ဘယ်လိုဖန်တီးကြမလဲ။

blank

ပျော်ရွင်မှုဆိုတာ သူ့အလိုလို ရလာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကိုယ်တိုင်ဖန်တီးယူရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ကယ်တော့ ပျော်ရွှင်မှုဆိုတာ ကြုံတွေ့လာတဲ့ ဘဝအခြေအနေတွေကို သင်ဘယ်လို ခံယူလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ စိတ်ချမ်းသာပျော်ရွှင်နေတဲ့ သူတွေဟာ သာမန်လူတွေထက် အသက်ပိုရှည်တတ်ကြတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

သင့်အဲ့ဒီလို ပျော်ရွှင်မှုတွေကို ဖန်တီးချင်တယ်ဆို ရင်တော့…

၁။ အတိတ်အကြောင်းကို တွေးပြီးတော့တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့။

၂။ လက်ရှိဘဝကို ရောင့်ရဲ ကျေနပ်ပါ။

၃။ တစ်ယောက်တည်းရှိနေတဲ့ အချိန်တွေကို တန်ဖိုးထားတတ်ပါ။

၎။ ကိုယ့်ကိုကိုယ် တိုးတက်အောင် အမြဲလေ့လာနေပါ။

၅။ ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်ပါ။

၆။ မိမိကိုယ်ကို ညှင်းဆဲပြီးဒေါသစိတ်ကို မဖြေဖျောက်ပါနဲ့။

၇။ အတွေ့အကြုံတွေကို ပစ္စည်းဥစ္စာတွေထက် တန်ဖိုးထားပါ။

၈။ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။

၉။ မကောင်းတဲ့ စိတ်တွေကို မမွေးမြူပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၁၀။ အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့ သတ္တိမွေးထားပါ။

၁၁။ ကိုယ့်ရဲ့ကျရှုံးမှုတွေအတွက် အခြားသူတွေကို အပြစ်တင်တာမျိုးတွေ မပြုလုပ်ပါနဲ့။

၁၂။ ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကို အမီလိုက်နိုင်ဖို့ မျက်စိတွေနားတွေ ဖွင့်ထားပါ။

၁၃။ သတိမမူဂူမမြင် ဖြစ်တတ်တာကြောင့် ဘာပဲလုပ်လုပ် သတိနဲ့လုပ်ကိုင်ပါ။

၁၄။ သင်နှစ်သက်တဲ့ အရာတွေကို မြတ်နိုးပါ။

၁၅။ သင်မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် စိတ်ညစ်မနေပါနဲ့။

၁၆။ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ။

၁၇။ မိတ်ဆွေအသစ်တွေကိုလည်း အမြဲရှာဖွေနေပါ။

၁၈။ မာန်မာနတွေကို အမြဲ ချိုးနှိမ်ထားပါ။

၁၉။ သူတစ်ပါးကို ဘယ်တော့မှ ဒုက္ခမပေးပါနဲ့။

၂၀။ လက်ရှိဘဝကို ပျော်ရွှင်စွာနေတတ်ဖို့ ကြိုးစားပါ။

၂၁။ အပြုံးလေးတစ်ခုကိုတော့ အမြဲဆောင်ထားပါ။

၂၂။ တစ်ယောက်တည်းနေရတာကို ပျော်ရွှင်နှစ်သက်ပါ။

၂၄။ သင့်ရဲ့ပျော်ရွှင်မှုတွေကို သင်ကိုယ်တိုင် ဖန်တီးနိုင်အောင်ကြိုးစားပါ။

၂၅။ ချစ်ခြင်းမေတ္တာတွေကို အမြဲတမ်းမျှဝေနေပါ။

ပျော်ရွှင်မှုကို နှစ်ချိုက်ပါက Share ပေးလိုက်ပါ။