မီးဖိုချောင်ထဲက ပုရွက်ဆိတ်တွေကြောင့် သောကရောက်နေရပါသလား။

blank

 

ပုရွက်ဆိတ်တွေကို ဖယ်ရှားဖို့ ဓာတုဆေးတွေက အစွမ်းထက်တယ် ဆိုပေမယ့် ပတ်ဝန်းကျင်က လူတွေနဲ့ အိမ်မွေးတိရိစ္ဆာန် တွေကိုလည်း ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ဒီတော့ သဘာဝနည်းလမ်းလေးတွေ ရွေးချယ်တာက ပိုသင့်တော်ပါတယ်။

မီးဖိုချောင်ရဲ့ တိုင်တွေမှာ၊ အိမ်ရဲ့လျှောက်လမ်းတွေမှာ ပုရွက်ဆိတ်တွေ ပြည့်ကျပ်နေတာ တွေ့ဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးအတွက် ငွေကုန်ကြေးကျ သက်သာစေမယ့် နည်းလမ်းလေးတွေကို ဂန္တဝင်မှ ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

အမှိုက်ပုံးထဲက စားကျွင်းစားကျန်တွေ၊ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ထမင်းလုံးတွေနဲ့ စားပြီးသား ပန်းကန်အပေတွေက ပုရွက်ဆိတ်တွေကို အစာကျွေးပြီး မွေးမြူထားသလို တောင် ဖြစ်တတ်ပါတယ်။ ဒီတော့ ပုရွက်ဆိတ်တွေ နှစ်သက်တဲ့ အနံ့လေးတွေရှိပြီး သူတို့ကို သုတ်သင်နိုင်တဲ့ အစားစာလေးတွေ အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဥပမာ မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ ဆိုဒါ (soda)၊ သကြားနဲ့ တဆေးတို့ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်းမှာ အဲ့ဒီ သုံးမျိုးကို ရောစပ်ပြီး ဖြူးထားပါ။ သကြားက ပုရွက်ဆိတ် တွေလာအောင် ဆွဲဆောင်မှာ ဖြစ်ပြီး ဆိုဒါနဲ့ တဆေးကတော့ သူတို့ကို နှိမ်နှင်းပါလိမ့်မယ်။

နောက်ထပ်နည်းလမ်းလေးကတော့ ဗာဟီရမများပဲ အရင်နည်းထက် ပိုပြီး  လွယ်ကူပါတယ်။ ပျားရည်အနည်းငယ်ပါတဲ့ ပုလင်းကို အဖုံးဖွင့်ပြီးထားလိုက်ပါ။ ပျားရည်ဆိုတာလည်း ပုရွက်ဆိတ်တွေရဲ့ အကြိုက်မို့ လာစားကြမှာ အသေအချာပါပဲ။ ဒါပေမယ့် ပျားရည်ပုလင်းထဲမှာ ကပ်မိနေမှာ ဖြစ်လို့ သုတ်သင်ဖို့ နည်းလမ်းကောင်းပဲဖြစ်ပါတယ်။

နောက်ဆုံး နည်လမ်းကောင်းလေးကတော့ ယူကလစ်ဆီတို့၊ လက်ဖက်ဆီတို့ကို သုံးသင့်ပါတယ်။ ယူကလစ်ဆီ နဲ့ လက်ဖက်ဆီ ၅ မီလီဂရမ်(5ml) စီကို ရောမွှေလိုက်ပါ။ ဒီလို သဘာဝအတိုင်း ရောပြီး အသုံးပြုလိုက်ခြင်း အားဖြင့် တစ်ခြားသူတွေကိုလည်း ဘေးမဖြစ်စေပဲ ပုရွက်ဆိတ်တွေကို နှိမ်နှင်းနိုင်မှာပါ။

ပရိတ်သတ်တွေလည်း စမ်းသပ်ကြည့်လို့ တစ်ကယ် အသုံးဝင်တယ်ဆိုရင်   သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။