“အာဂလူသား” တဲ့ (ရယ်စရာ ဟာသလေးတစ်ပုဒ်)

blank

တစ်ခါတုန်းက တနင်္ဂနွေ နေ့လည်ခင်းတစ်ခုမှာ ဆရာဝန်တစ်ယောက်၊ ရှေ့နေတစ်ယောက်၊ လူငယ်လေးတစ်ယောက် နဲ့ ဘုန်းကြီးတစ်ပါးတို့ဟာ ကိုယ်ပိုင် လေယာဉ်ငယ်လေး တစ်ခုပေါ်မှာ လိုက်ပါ စီးနင်းလာကြပါတယ်။ အဲ့ဒီအချိန်မှာ ကောက်ကာငင်ကာပဲ လေယာဉ်စက်ချို့ယွင်းမှု ဖြစ်ပါတော့တယ်။ လေယာဉ်မှူးက ကြိုးစားပမ်းစား လုပ်ပေမယ့် လေယာဉ်က အောက်ကို တစ်ဖြည်းဖြည်း ထိုးဆင်းနေပါတယ်။ ဘယ်လိုမှ လုပ်မရတဲ့ အဆုံးမှာတော့ လေယာဉ်မှူးလည်း လိုက်ပါလာတဲ့သူတွေကို “ခုန်ချတာ ပိုကောင်းတယ်ဗျို့” ဆိုပြီး အော်ပြောရင်း လေထီးအိတ်ကို ဆွဲကာ ကိုယ်ကိုယ်တိုင် ခုန်ဆင်းသွားတော့တာပေါ့။

ဖြစ်ချင်တော့ လေယာဉ်ပေါ်မှာ လေထီး သုံးခုပဲ ကျန်ပါတော့တယ်။

အဲ့ဒီအချိန်မှာ ဆရာဝန်ဖြစ်သူက “ကျွန်တော်က လူသားတွေရဲ့ အသက်တွေကို ကယ်တင်နေရတဲ့သူဗျ။ ဒီတော့ ကျွန်တော် အသက်ရှင်နေမှ ဖြစ်မယ်” ဆိုပြီး လေထီးအိတ်ကို ဆွဲယူကာ ခုန်ဆင်းသွားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒီနောက် ရှေ့နေကြီးကလည်း “တပည့်တော်က ရှေ့နေတစ်ယောက်ပါဘုရား။ ရှေ့နေဆိုတာ လောကမှာ အထူးချွန်ဆုံးသူဖြစ်တာမို့ အသက်ရှင်ဖို့ ထိုက်သင့်ပါတယ် ဘုရား” ဆိုပြီး လေထီးအိတ်ကြီးကို ဆွဲယူပြီး ဆင်းသွားပြန်ရော။

ဘုန်းကြီး အလှည့်မှာတော့ ကောင်လေးကို ကြည့်ပြီး ပြောလိုက်တာက “လူလေး ဘုန်းဘုန်းတစ်ဘဝလုံး ကောင်းကောင်းကြီး ရှင်သန် ဖြတ်သန်းခဲ့ပြီးပါပြီကွာ။ မင်းက အသက်ငယ်သေးတော့ ရှေ့ဆက်ရမယ့် ဘဝခရီး အရှည်ကြီး ကျန်သေးတယ်ကွ။ ကဲ ဒီတော့ ကျန်တဲ့ လေထီးကို လူလေးပဲ ယူသွားလိုက်နော်” တဲ့။

ကောင်လေးက ဘုန်းကြီး ဆီကို လေထီးတစ်ခု ကမ်းပေးရင်း ပြောလိုက်တယ်။ “ဘာမှ စိတ်မပူပါနဲ့ ဘုရား။ ခုနက လောကမှာ အထူးချွန်ဆုံးဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ယူသွားတာ တပည့်တော်ရဲ့ လွယ်အိတ်ကြီးပါဘုရား” တဲ့ရှင်။

ဒီအဖြစ်အပျက်လေးကနေ ကျွန်မတို့ သင်ခန်းစာယူသင့်တာကတော့ ကျွန်မတို့ ဘာအလုပ်လုပ်သလဲ ဆိုတာက အရေးမကြီးပါဘူး။ အများကောင်းကျိုး ဘာတွေ သယ်ပိုးနိုင်သလဲ ဆိုတာကမှသာ ပိုပြီးအရေးတာပါ။ စာဖတ်ပရိသတ်တို့လည်း အများအကျိုးသယ်ပိုးနိုင်သော စိတ်လှ၊နှလုံးလှပိုင်ရှင်လေးများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလျက်။

သင်တစ်ခုခု သင်ခန်းစာရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။