သင့် ရှင်သန်မှုကို အကျိုးရှိရှိ အသုံးပြုပြီး ဘဝကို သင်ဘယ်လိုရပ်တည်မလဲ။

blank

ကျွန်တော်တို့ ဘာကြောင့် အသက်ရှင်နေကြတာလဲ။

ဘဝကို အခက်အခဲတွေကြားက ရုန်းကန်လှုပ်ရှားနေကြတာ

ကားအကောင်းစားကြီးတွေ ဝယ်ဖို့လား။

ခမ်းနားထည်ဝါတဲ့ အဆောက်အဦးကြီးတွေမှာ နေထိုင်နိုင်ဖို့လား။

အစားကောင်း၊ အသောက်ကောင်းတွေ စားဖို့လား။

ကဲ… တစ်နေ့နေ့ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အားလုံးပြည့်စုံလာပါပြီတဲ့။ ဘယ်လို မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ရှင်ဦးမှာလဲ။

တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အသက်အရွယ်တွေရလာမယ်။

အမြင်တွေ တဖြည်းဖြည်း မှုန်ဝါးလာမယ်။

ခန္ဓာကိုယ်လည်း တဖြည်းဖြည်းအားအင် ချိနဲ့လာမယ်။

ငယ်စဉ်ကလောက် မှတ်ဥာဏ်တွေလည်း မကောင်းတော့ဘူး။

အောင်မြင်စဉ်က ကိုယ့်အနားမှာ ဝန်းရံခဲ့တဲ့သူတွေလည်း ကိုယ့်အပေါ် အရင်ကလောက် ဂရုတစိုက်ရှိကြတော့မှာ မဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်လည်း ဘာအစားအသောက်တွေ စားနေတယ်။ ကိုယ်ဘယ်လို အခြေအနေ၊ အဆင့်အတန်းမျိုးနဲ့ ရပ်တည်နေတယ်ဆိုတာတောင် သတိကပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။

ကဲ ဒါဆို ဘဝတစ်လျှောက်လုံး ကြိုးစားရုန်းကန်ခဲ့တာတွေက ဘာအတွက်လဲ။

ပြန်စဉ်းစားဖို့ တော့ လိုအပ်နေပါပြီ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ချို့လူတွေကတော့ သမိုင်းတစ်လျှောက်လုံး ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ခဲ့ကြတယ်။ ဒါ့အပြင် နှောင်းလူတွေ သူတို့ အကြောင်းကြောင့် စိတ်ဓာတ်ခွန်အား မြင့်တက်စေမယ့် ဒဏ္ဍာရီမျိုးတွေ ချန်ခဲ့ကြတယ်။ သူတို့ လမ်းစဉ်တွေကို အတုယူ လိုက်နာလို့ရအောင်ပေါ့။

ကဲ ဂန္ထဝင်ရဲ့ စာဖတ်ပရိသတ်တို့ရေ… သင်တို့ရော ဘဝကို ဘယ်လို ရည်ရွယ်ချက် ခံယူချက်တွေနဲ့ အသက်ရှင်နေကြတာလဲ။

သင်ဘာကို တန်ဖိုးအထားဆုံး ဖြစ်မလဲ။

သင်တို့ အသက်ရှင်ရခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။

ကိုယ်ကောင်းရာ တိုးတက်ရာ အတွက်ပဲ ရှင်သန်မှာလား။

ဒါမှ မဟုတ် ကိုယ်တိုးတက်တဲ့ အလိုက် အများလည်း ကိုယ်နဲ့ အတူ တိုးတက်ဖို့ ဆွဲခေါ်မှာလား။

ကိုယ်လုပ်နေတဲ့ အရာတွေက ကိုယ့်ကိုပဲ အကျိုးဖြစ်ထွန်းရင် တော်ပြီလား။

ဒါမှမဟုတ် ကိုယ်လုပ်တဲ့ အရာတွေကနေ အများအကျိုးဖြစ်ထွန်းစေချင်လား။

ဘယ်လို ဘဝမျိုး ရှင်သန်ချင်လည်း ရွေးချယ်မှုကတော့ သင့်အပေါ်မှာပါပဲ။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ကြဖို့ တိုက်တွန်းရင်း ဂန္ထဝင်မှ တင်ဆက်လိုက်ရပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။