အိပ်စက်ပုံ အနေအထားတွေက ပြောပြနေတဲ့ သင့် relationship အကြောင်း

blank
Photo Credit: http://bit.ly/1H1K6LZ

လူသားတွေ အိပ်စက်တဲ့ အနေအထားပေါ်မူတည်ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားတွေ အမူအကျင့်လေးတွေကို အကဲခတ်လို့ရတယ်လို့ ဆိုပါတယ်။

ဂန္ထဝင်မဂ္ဂဇင်းမှာ ယနေ့ တင်ဆက်သွားမှာကတော့ အိမ်ထောင်ရှင်စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ကြင်နာနွေးထွေးစွာ အိပ်စက်တတ်လား၊ ခပ်ခွာခွာနဲ့ လွတ်လွတ်လပ်လပ် အိပ်တတ်လား၊ တစ်ယောက်ကိုတစ်ယောက် ထိကပ်တယ်ဆိုရုံလေး အိပ်တတ်လား… စတဲ့ ကြင်သူနှစ်ဦးရဲ့ အိပ်စက်တဲ့ အနေအထားလေးတွေက တစ်ဆင့် အဲဒီ လူနှစ်ဦးရဲ့ Relationship အခြေအနေလေးတွေကို အကဲခတ်ကြည့်လိုက်ရအောင်။

သုတေတီတွေရဲ့ သုတေသနပြုချက်အရ ကြင်သူနှစ်ဦးကြား ရင်းရင်းနီးနီး ဆက်ဆံနေထိုင်တတ်ခြင်းတွေကလည်း relationship သာယာဖြောင့်ဖြူးဖို့ အတိုင်းအတာ တစ်ခုထိ အရေးကြီးတယ်လို့ ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ရင်းရင်းနီးနီး ဆက်ဆံတတ်တဲ့ စုံတွဲတွေဟာ ပိုမိုသာယာပျော်ရွှင်တဲ့ relationship တွေ ပိုင်ဆိုင်ထားတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အောက်ဖက်မှာတော့ အိပ်စက်တဲ့ ပုံစံအနေအထားလေးတွေက ထင်ဟပ်နေတဲ့ ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးအခြေအနေ လေးတွေကို ဗဟုသုတ ရဖွယ် တင်ဆက်ပေးထားပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ အမျိုးသမီးကို အမျိုးသားက ကြင်ကြင်နာနာပွေ့ဖက် အိပ်စက်ခြင်း။

ဒီလို အိပ်စက်ခြင်းမျိုးက အမျိုးသားဖြစ်သူက အမျိုးသမီးကို ကြင်နာနွေးထွေးတတ်ပြီး ကာကွယ်ပေးချင်တဲ့ သဘောလေး ထင်ဟပ်နေပါတယ်။ အခက်အခဲကြုံနေချိန်၊ ဝမ်းနည်းအားငယ်နေချိန်တွေမှာဆို အမြဲ အားပေးနှစ်သိမ့်ပေးဖို့ အသင့်ရှိနေတတ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ပါရမီဖြည့်ပေးဖို့ အမြဲ အသင့်ရှိနေတတ်ပြီး အိပ်ယာဝင်ခါနီး ဘယ်တော့မှ ဒေါသထွက် ရန်ဖြစ်တာတွေ မရှိဘူး ဆိုတာ သိသာစေပါတယ်။

၂။ ကျောပေးထားပြီး တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ အိပ်စက်ခြင်း။

ဒီလိုအိပ်စက်ကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်ကြသူတွေပါ။ တစ်ယောက်ကိုတစ်ယောက် လေးစားတန်ဖိုးထားတတ်ပြီး တစ်ယောက်အမူအကျင့်တစ်ယောက် လက်ခံနားလည် ကြသူတွေပါ။ သူတို့ဟာ ဘာပဲ လုပ်လုပ် လက်တွေ့ကျကျ လုပ်ဆောင်တတ်ကြပါတယ်။

၃။ တစ်ယောက်ကိုတစ်ယောက် နောက်ကျောပေးပြီး ထိကပ်အိပ်စက်ခြင်း။

ကြင်စဦး ဇနီးမောင်နှံတွေ အိပ်စက်လေ့ရှိကြတဲ့ အနေအထားလေးပါ။ တစ်ယောက်ကိုတစ်ယောက် သက်တောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် အိပ်စက်စေနိုင်ဖို့ ရှေးရှုတတ်တဲ့ သဘောလေး ထင်ဟပ်နေပါတယ်။

၎။ မအိပ်ခင် (၁ဝ) မိနစ်လောက် ခြေထောက်ချင်း ယှက်ထားပြီး ခဏကြာမှ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် အိပ်စက်ခြင်း။

ဒီလို အိပ်စက်တတ်သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ရှိပြီး အပြန်အလှန် ဂရုစိုက် ကြင်နာတတ်ကြသူတွေပါ။ တစ်ယောက်လွတ်လပ်ခွင့် တစ်ယောက် လေးစားတတ်သူတွေဆိုလည်း မမှားပါဘူး။

၅။ ခြေထောက်ချင်းထိထားပြီး မျက်နှာချင်းဆိုင် အိပ်စက်ခြင်း။

ဒီလို အိပ်စက်ကြတဲ့ ချစ်သူစုံတွဲတွေဟာ ကိုယ့်အချိန်စာရင်းတွေနဲ့ကိုယ် ပြည့်နေပြီး တစ်ယောက်ကိုတစ်ယောက် အချိန်သိပ်မပေးဖြစ် ကြသူတွေပါ။ ဒါပေမယ့် သူတို့ တွေ့တဲ့ အချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ နွေးထွေးကြင်နာ တတ်ကြတယ်လေ။

၆။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် အိပ်စက်ခြင်း။

ဒါဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနီးမှုရှိပြီး သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံတွေကို မျှဝေနေကျ သဘောမျိုးလေး ထင်ဟပ်နေပါတယ်။

၇။ အမျိုးသမီးက အမျိုးသားကို သိုင်းဖက်ပြီး အိပ်စက်ခြင်း။

ဒီလိုအိပ်စက်ကြပြီဆိုရင်တော့ အမျိုးသမီးက အမျိုးသားအပေါ် အရမ်းကြင်နာတတ်ပြီး မိမိ ချစ်သူခင်ပွန်းအပေါ် မိခင်တစ်ယောက်လိုလည်း ကာကွယ်ပေးချင်တဲ့ သဘောမျိုးလေးရှိနေတာကို ထင်ဟပ်စေပါတယ်။

၈။ ခြေထောက်လေးတွေ ယှက်ပြီး တစ်ညလုံး မျက်နှာချင်းဆိုင် အိပ်စက်ခြင်း။

ဒီလို အိပ်စက်ခြင်းမျိုးကို ချစ်စ ခင်စ ကြင်စဦး ဇနီး မောင်နှံတွေမှာ တွေ့ရတတ်တယ်။ ဒီလိုချစ်သူမျိုးတွေကတော့ နှစ်ယောက်အတူရှိနေတဲ့အချိန်မှာ နည်းနည်းလေးတောင် ခွဲမနေချင်တဲ့ သဘောလေး ထင်ဟပ်နေပါတယ်။

၉။ အမျိုးသမီးက အမျိုးသားရဲ့ လက်မောင်လေးပေါ် မှီပြီး အိပ်စက်ခြင်း။

အချစ်ဇာတ်လမ်းတွေ မှာ များသောအားဖြင့် တွေ့ရတတ်တဲ့ အနေအထားလေးပါ။ ကြင်စဦး ဇနီးမောင်နှံတွေမှာ တွေ့ရတာများပါတယ်။ အချစ်တွေ အမြဲတမ်း လက်ဆတ်နေတဲ့ သဘောမျိုး ထင်ဟပ်နေပါတယ်။

၁၀။ အမျိုးသမီးက ခြေလက်တွေဆန့်ပြီး အမျိုးသားက ထောင့်ကပ် အိပ်စက်ခြင်း။

ဒီလိုအိပ်စက်ခြင်းက အမျိုးသမီးဟာ သူဘာသာသူ လွတ်လွတ်လပ်လပ် နေရတာကို သဘောကျတတ်ပြီး အမျိုးသားက အမျိုးသမီးစိတ်ကြိုက် နေထိုင်ခွင့်ပြုရတဲ့ သဘောလေး ထင်ဟပ်နေပါတယ်။

၁၁။ အမျိုးသားက ခြေလက်တွေဆန့်ပြီး အမျိုးသမီးက ထောင့်ကပ် အိပ်စက်ခြင်း။

ဒီလို အိပ်စက်ကြတဲ့ စုံတွဲတွေမှာ အမျိုးသားက အရာရာ သူ့ဆန္ဒအတိုင်း ဆုံးဖြတ်တတ်သူ ဖြစ်တတ်ပါတယ်။ ဒါကို အမျိုးသမီးကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားတဲ့ သဘောလေး ထင်ဟပ်နေပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။