မျိုးရိုးလိုက်သော ရောဂါများအကြောင်း သိကောင်းစရာလေးများ

blank

ဆရာဝန်တွေ ဆေးစစ်တဲ့အခါ ရောဂါနဲ့ ပတ်သက်ပြီး မိသားစုရဲ့ နောက်ခံသမိုင်းကြောင်းကို မေးတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မျိုးရိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ သင့်ကို ကူးစပ်နိုင်ခြင်း ရှိမရှိ မေးမြန်းခြင်း ဖြစ်ပါတယ်။

အောက်ဖက်မှာ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ရေးသားတင်ဆက်ထားတာတွေကတော့ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါလေးတွေအကြောင်းနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ ပဲဖြစ်ပါတယ်။

၁။ အဝလွန်ခြင်း

အဝလွန်ခြင်းဟာ မျိုးရိုး လိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ အလွန် ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေလည်း ဖြစ်ပွားနိုင်ခြေရှိပါတယ်။ အဝလွန်ရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို မစားသုံးခြင်း၊ အဆီများစေတဲ့ အသင့်လုပ်ပြီးသား အစားအသောက်များ အလွယ်တကူ စားသုံးခြင်း နဲ့ ကိုယ်လက်လပ်ရှားလေ့ကျင့်ခန်း ပုံမှန် မလုပ်ဆောင်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ မျိုးရိုးက ဝတတ်တဲ့ သဘာဝရှိခဲ့ရင် မိမိ ခန္ဓာကိုယ် အတွက် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၂။ အရက်စွဲခြင်း

အရက်စွဲခြင်းကလည်း မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဘတ်တီဖော့်ဒ်( Butty Ford) အင်စတီကျုရဲ့ လေ့လာချက်အရ အရက်စွဲနေတဲ့ ဖခင်တွေက မွေးဖွားလာတဲ့ကလေးတွေဟာ အရက်မသောက်တဲ့ ဖခင်က မွေးဖွားလာတဲ့ ကလေးတွေထက် အရက်စွဲနိုင်ခြေပိုများတယ်လို့ သိရပါတယ်။ အရက်စွဲခြင်းက မျိုးရိုးလိုက်ခြင်းထက် ပတ်ဝန်းကျင်ကြောင့် ဖြစ်တာလို့ ဆိုသူတွေလည်း ရှိပါတယ်။ သို့ပေမယ့် အရက်စွဲထားသူတစ်ယောက်ရဲ့ သွေးတွေက ကိုယ့်ခန္ဓာထဲမှာ စီးဆင်းခံရတဲ့သူက အရက်စွဲဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ရင်သား ကင်ဆာ

လေ့လာတွေ့ရှိချက်တွေအရ မိန်းမ (၉)ယောက်မှာ တစ်ယောက်တော့ အနည်းဆုံး ရင်သားကင်ဆာရဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။ ဒါဟာမျိုးရိုး ကြောင့် ဖြစ်တဲ့သူတွေ မပါသေးပါဘူး။ မျိုးရိုးရှိမယ်ဆို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဘာမှမဖြစ်ခင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ကြိုတင်စစ်ဆေး ကာကွယ်ထားခြင်းပါပဲ။ ကိုယ်တိုင်လည်း ကိုယ့်အခြေအနေကို အမြဲမပျက် ဂရုစိုက်နေဖို့ လိုအပ်ပါတယ်။

၎။ နှလုံးရောဂါ

နှလုံးရောဂါဟာလည်း မျိုးရိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုထဲမှာ (သို့) ဆွေမျိုးသားချင်းတွေထဲမှာ နှလုံးရောဂါခံစားနေရသူတွေ ရှိနေခဲ့ရင် သာမန်လူတွေထက် နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နှလုံးကျန်းမာစေဖို့ စိတ်ပင်ပန်းဆင်းရဲစရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အသင့်လုပ်ပြီး အစားအသောက်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။

၅။ ဝက်ခြံ

ဒီပြဿ     နာကတော့ အပေါ်က တင်ပြခဲ့တဲ့ ရောဂါတွေနဲ့စာရင် သိပ်အရေးမကြီးဘူးလို့ ထင်စရာ ရှိပါလိမ့်မယ်။ ဒီဝက်ခြံကလည်း မျိုးရိုးလိုက်တတ်တဲ့ ရောဂါ တစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မိမိ မျက်နှာပေါ်မှာ ဒီလို ဝက်ခြံတွေကြောင့် မလှမပ ဖြစ်နေခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက မိမိကိုယ်ကို ယုံကြည်မမဲ့သွားတာမျိုး စတဲ့စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဝက်ခြံအန္တရာယ်ကို ကာကွယ်ဖို့အတွက်တော့ အသားအရေကို သန့်ရှင်းအောင် ထားတတ်ဖို့နဲ့ ကိုယ်နဲ့တည့်တဲ့ သန့်စင်ဆေးရည် တစ်ခုခု သုံးစွဲဖို့ပါပဲ။ ခေါင်းအုံးဖုံးတွေကို မကြာမကြာ လဲလှယ်ပေးဖို့လည်း လိုအပ်ပါတယ်။ သာမန်ထက် ဆိုးရွားတဲ့ အခြေအနေရင်ဆိုင်နေရပြီ ဆိုရင်တော့ နားလည်တဲ့ အရေပြားအထူးကုတွေနဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမမျိုး ခံယူသင့်ပါတယ်။

ဒါကြောင့် မျိုးရိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကို မစွဲကပ်စေဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထက်ဖော်ပြပါ ရောဂါတွေကို ခံစားနေရတဲ့ မျိုးရှိုးရှိမယ်ဆိုရင်တော့ အခြားသာမန်လူတွေထက် ကျန်းမာရေးကို ပို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထက်ပါနည်းလမ်းတွေအတိုင်း လိုက်နာနိုင်မယ် ဆိုရင်တော့ သင်ဟာ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။