အဆိုးတွေနဲ့ ကြုံတွေ့တဲ့အခါ ဘယ်လို စိတ်ဓာတ်ထားပြီး ရင်ဆိုင်မလဲ။

blank

သမီးဖြစ်သူဟာ ဘဝကြီးကို ငြီးငွေ့ စိတ်ပျက်ပြီး အဖေဖြစ်သူကိုညည်းတွားရင်း ဖခင်ရဲ့ သွန်သင်ဆုံးမမှုကြောင့် ရရှိလာတဲ့ သင်ခန်းစာလေးတစ်ခု အကြောင်းပါ။

သမီးဖြစ်သူက ” ဘဝကြီးက သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ ဖေဖေ၊ အမြဲတမ်း ရုန်းကန်နေရတာပဲ။ တစ်ခု ဖြေရှင်းပြီးလို့မှ မပြီးသေးဘူး နောက်ထပ် စိတ်ရှုပ်စရာတွေက တန်းစီနေတာပဲ။ ဘယ်လိုနေရမလဲတောင် မသိတော့ဘူး။” ဆိုပြီး ညည်းတွား ခဲ့ပါတယ်။

ဖခင်ဖြစ်သူလည်း သမီးကို မီးဖိုခန်းထဲ ခေါ်သွားပြီး။ အိုးသုံးလုံးထဲမှာ ရေထည့်ပြီး တူညီတဲ့ အပူရှိန်နဲ့ ဆူပွက်အောင် တည်ခိုင်းတယ်။ ပြီးတဲ့နောက် ပထမအိုးထဲကို အာလူး၊ ဒုတိယ အိုးထဲကို ကြက်ဥနဲ့ တတိယအိုးထဲကိုတော့ ကော်ဖီစေ့တွေ အသီးသီး ထည့်ခိုင်းစေတယ်။ ခဏကြာ ဆူပွက်စေပြီး သမီးဖြစ်သူကိုလည်း ဘာမှ မပြောဘဲ ခဏငြိမ် နေလိုက်တယ်။

သမီးငယ်လည်း ပါးစပ်က တတွတ်တွတ်ညည်းတွားရင်း ဖခင်ဖြစ်သူရဲ့ လုပ်ရပ်တွေကို နားမလည်နိုင်စွာ စောင့်ဆိုင်းနေခဲ့တယ်။ မိနစ် (၂၀) လောက်ကြာတဲ့ အခါမှာတော့ အိုးထဲက အရာတွေကို အသီသီးထုတ်ပြီး ပန်းကန်လုံးတွေ၊ ခွက်တွေထဲကို အသီးသီး ထည့်လိုက်ပါတယ်။

ပြီးတဲ့နောက် သမီး ဖြစ်သူဘက်ကို လှည့်ပြီး “သမီး ဘာတွေ့လဲ” လို့ မေးလိုက်တယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးဖြစ်သူလည်း နားမလည်ခြင်းများစွာနဲ့ “အာလူး၊ ကြက်ဥနဲ့ ကော်ဖီရည်တွေပေါ့ ဖေဖေ။” လို့ ပြန်ဖြေလိုက်တယ်။ “သေချာကြည့်ပါ သမီး” ဆိုပြီး ထပ်ကြည့်ခိုင်းတယ်။

“အာလူးလေးတွေထိ ကြည့်လိုက် ပျော့သွားတာ သတိထားမိလား သမီး။”

နောက် ကြက်ဥတွေ ခွာကြည့်လိုက်။ မာကြောသွားတယ် မလား။ အရင်လို ထိခိုက်မလွယ်တော့ဘူး။

အရည်ပျော်သွားတဲ့ ကော်ဖီကိုကျတော့ သောက်ကြည့်ခိုင်း လိုက်တယ်။ အနံ့လေးကမွှေးပြီး အရသာကောင်းတော့ သမီး မျက်နှာလေးတောင် ပြုံးသွားတယ်။

အဲဒီနောက်မှာတော့ သမီးလေးက”အဖေ ဘာကိုဆိုလိုချင်တာလဲ ဟင် “ဆိုပြီး မေးလိုက်တယ်။ အဲဒီအခါမှာ အဖေဖြစ်သူက ” ဒီလို သမီးရဲ့… အခု ပြလိုက်တဲ့ သုံးမျိုးလုံးက တူညီတဲ့ အပူဆိုတဲ့ ဆိုးရွားတဲ့ ဆူပွက်မှုဒါဏ်ကို ခံခဲ့ကြရတယ်။ ဒါပေမယ့် အဲအခြေအနေတစ်ခုကို ရင်ဆိုင်ရုန်းကန်ပြီးတဲ့ အခါမှာတော့ သူတို့တွေ ပြောင်းလဲ သွားကြတယ်။ အာလူးဆို အစက မာကြောနေရာကနေ အပူကိုရင်ဆိုင်လိုက်ရတဲ့ အခါ ပျော့ပြီး အားနည်းသွားတယ်။ နောက်တစ်ခု ကြက်ဥကျတော့ အပူနဲ့ ရင်ဆိုင်ပြီးတဲ့ အချိန်မှာ အစက ထိခိုက်လွယ်တဲ့ သိပ်ကိုအားနည်းတဲ့ ဘဝကနေ မာကျော ခိုင်မာတဲ့ အသွင်ပြောင်းလာခဲ့တယ်။ ကော်ဖီကျတော့ သူ့ကိုယ်သူ အသွင်ပြောင်းလိုက်တယ်။ အပူရင်ဆိုင်ပြီးတဲ့နောက်မှာ လူတွေအတွက် နှစ်သက်စရာ သောက်သုံးဖွယ် တစ်ခုအဖြစ် အသွင်ပြောင်း ပစ်လိုက်တယ်။ ဒါဟာ သိပ်ကိုကောင်းတဲ့ ပြဿနာ ရင်ဆိုင်မှုတစ်ခုပါပဲ။

ကဲ သမီးရော ဘယ်လိုမျိုး ရင်ဆိုင်မှာလဲ။ အဆိုးလောကဓံ ဆိုတာတော့ လူတိုင်း ရင်ဆိုင်ရစမြဲပါ။ အဆိုးတွေနဲ့ ကြုံတွေ့ရတဲ့ အခါ ကိုယ်ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကပဲ အရေးကြီးတာပါ။”

ဒါကြောင့် ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ မှားသွားရင်တောင် အမှားတွေက သင်ယူစရာရှိတာ သင်ယူ။ အရာရာ အကောင်းမြင်စိတ်လေးနဲ့ ရင်ဆိုင်မယ်ဆို မကြာခင်မှာပဲ အဆိုးတွေ ကုန်ဆုံးသွားပြီး ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာနိုင်မှာပါ။ ဘဝဆိုတာ သင်ပြုမူ တွေးကြံသလိုပဲ ဖြစ်လာရတာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။