ဘဝရဲ့ ကျဆုံးခန်းလေးတစ်ခုကို အဆုံးသတ်လို့ မထင်မှားလိုက်ပါနဲ့။

blank

ယမန်နေ့က လမ်းလျှောက်နေရင်း အိမ်ခြေရာမဲ့ လက်ချည်းဗလာနဲ့ လူတစ်ယောက်ကို ကျွန်မ တွေ့တယ်။ သူ့အိမ်က မီးလောင်သွားတယ်လို့ သူဆိုတယ်။ ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးသွားခဲ့တယ်တဲ့။

“အခု ကျွန်တော့် အိတ်ကပ်က ဗလာ၊ ကျွန်တော့်မှာ အကျီ င်္ကလည်းဗလာ၊ နေစရာအိမ်လည်း မရှိတော့ပါဘူး။ သုံးစရာ ပိုက်ဆံလည်း မရှိပါဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြုံတွေ့တယ်ဆိုတိုင်း စိတ်ဓာတ်ပျက်ပြားဖို့ မသင့်တော်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘဝကကြီးက ဒီလောက်နဲ့ ပြီးသွားတာမှ မဟုတ်တာ။ ကျွန်တော် ဆက်လက်ပြီး လှုပ်ရှား ရုန်းကန်နေအုံးမှာပါ။ ကျွန်တော် အခုလို ပိုင်ဆိုင်တာတွေ ဘာမှ မရှိတော့တဲ့နောက်မှာ နောက်ထပ်ဆုံးရှုံးစရာတွေလည်း မရှိတော့ပါဘူး။ ဒါကြောင့် ကြေကွဲပြီး လွမ်းလောက်စရာ ဘာမှ မရှိတော့ပါဘူးလို့ ယူဆမိပါတယ်။” လို့ သူဆိုပါတယ်။
ဆက်ပြီး လမ်းလျှောက်တော့ ခဏအကြာမှာ နောက်တစ်ယောက်ကို ထပ်တွေ့ပြန်တယ်။ ဒီတစ်ခါတော့ အမျိုးသမီးတစ်ဦးပေါ့။ သူ့ကိုယ်သူ ကလေး(၄) ယောက်ရဲ့ မိခင် လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက ကိစ္စ တစ်ခုအကြောင်းပြပြီး အပြင်ထွက်သွားပြီးနောက် လုံးဝပြန်မလာတော့ဘူးတဲ့။ ကလေး(၄)ယောက်ရဲ့တာဝန်ကတစ်ဖက်၊ သူတို့ရဲ့ စားဝတ်နေရေး ရုန်းကန်နေရတာက တစ်ဖက်၊ မုဆိုးမမို့ စော်ကားမော်ကား ပြုချင်ကြတဲ့ သူတွေရဲ့ အန္တရာယ်ကလည်း ရှိပါသေးတယ်လို့ သူမကပြောပါတယ်။ “ကျွန်မဘဝ ဒီထက်ဆိုးရွားစရာ ဘာမှ မရှိတော့ပါဘူး။ အဆိုးဆုံးတွေကို ရင်ဆိုင်နေရတော့ ကျွန်မ နောက်ထပ် ဘာကိုမှလည်း ရင်ဆိုင်ရမှာ မကြောက်တော့ပါဘူး။ အခု ကျွန်မဘဝမှာ သူ မရှိတော့ဘူး။ ဒါပေမယ့်လည်း ကျွန်မကလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း ဘဝကြီးက အဓိပ္ပါယ် ရှိနေပါသေးတယ်။ ဘာလိုသေးလို့လဲ။ ဘယ်သူ့ကို ထိုင်လွမ်းနေရမှာလဲ။ ဘဝက နေတတ်ရင် ကျေနပ်ဖို့ကောင်းပါတယ်။” လို့ သူမကဆိုပါတယ်။

ဒီ ပုဂ္ဂိုလ် (၂) ဦးကို တွေ့ပြီးနောက် ကျွန်မတော့ စိတ်ဓါတ်ခွန်အားတွေ အများကြီး ရလာခဲ့တယ်။ အော်… ဂန္ထဝင် စာဖတ်ပရိသတ်တို့ရေ… တခါတလေ ဘဝမှာ ရွေးချယ်ခွင့်မရှိတဲ့၊ ပြောင်းလဲခွင့်မရှိတဲ့ အခြေအနေတွေ အများကြီး ရင်ဆိုင်ရတတ်တာပဲနော်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ အခက်အခဲတွေ၊ ပင်ပန်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေရပါစေ၊ ဘဝက ဒီတိုင်း ရပ်တန့်သွားမှာ မဟုတ်ဘူးလေ။ အဲဒါတွေနဲ့ဘဲ ဘဝကြီး ပြီးဆုံးသွားမှာလို့တော့ မထင်လိုက်ပါနဲ့နော်။ အဆိုးတွေဘဲ အမြဲရင်ဆိုင် နေရမယ်ဆိုတာ မရှိပါဘူး။ အဆိုးပြီးရင် အကောင်းလည်း လာမှာဘဲ။ အဆိုးတွေဘဲ ကြုံတွေ့နေရတယ်ဆိုတိုင်း လက်မြှောက်အရှုံး မပေးလိုက်ပါနဲ့။ သာယာသော မနက်ခင်းတစ်ခုဆိုတာ မှောင်မိုက်သော ညနက်တစ်ခုကို ဖြတ်သန်းပြီးမှ ရောက်လာတာ မဟုတ်ဘူးလား။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။