ဘဝရဲ့ အချို မြိန်ဆုံး အနစ်သာရ

blank

လူတိုင်းအပေါ်မှာ စေတနာထားပြီး မေတ္တာစိတ်လေးနဲ့ ရပ်တည်နိုင်ခြင်းက ဘဝမှာ အဓိပ္ပါယ်အရှိဆုံး ရပ်တည်ရှင်သန်ခြင်းပါပဲ။ ကိုယ့်ရဲ့ ကြင်နာနွေးထွေးတဲ့ စကားလုံးလေးတွေ၊ အပြုအမူလေးတွေအတွက် တစ်ဖက်လူ ကျေနပ်ပျော်ရွှင်ရတယ်ဆို သင့်လုပ်ရပ်တွေဟာ သိပ်ကို အဓိပ္ပါယ်ရှိနေပါတယ်။

ကောင်းစေချင်တဲ့ စေတနာနဲ့ ပေးလိုက်တဲ့ အကြံညဏ်လေးတွေက တစ်ဖက်သား မျှော်လင့်ချက် အိမ်မက်တွေကို ပိုတောက်ပစေနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်မလဲ။ ဒီလိုပါပဲ။ ကိုယ်မထင်မှတ်ထားပေမယ့် ကိုယ့်လုပ်ရပ်လေးတွေကြောင့် အခြားသူတွေရဲ့ ဘဝလေးတွေ သာယာလှပသွားတာမျိုးလေးတွေလည်း ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ချစ်ခြင်းမေတ္တာတွေကို မျှော်လင့်ချက်မဲ့ပြီး ခိုကိုးရာမဲ့နေသူတို့အတွက် မျှဝေပေးလိုက်ပါ။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ သူတို့ဘဝလေးတွေကို မြှင့်တင်ပေးလိုက်ပါ။ အနှိုင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကမ္ဘာလောကတစ်ခုလုံးကို သာယာလှပဖို့ စွမ်းဆောင်နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။