သာယာလှပတဲ့ နံနက်ခင်းဆိုတာ ညနက်တစ်ခု ဖြိုခွင်းပြီးမှ ရလာရတာပါ

blank

လောကမှာ စိတ်ဆင်းရဲစရာတွေကြောင့် ဘဝကို လက်မြှောက် အရှုံးပေးလိုက်ကြသူတွေ ရှိသလို

ဘယ်လောက်ပဲ ကြေကွဲခံစားနေရပါစေ ကိုယ့်အတွက် အဆင်မပြေတဲ့အရာတွေကို စွန့်လွှတ်နိုင်တဲ့သူတွေ၊

အချစ်ကြောင့် သေလောက်အောင် နာကျင်ခံစားခဲ့ရပေမယ့်လည်း ခုချိန်ထိ ခေါင်းမော့ရင်ကော့ပြီး ဘဝခရီး ဆက်လျှောက်နေတဲ့သူတွေ၊

တစ်ယောက်တည်းနေရတဲ့ အထီးကျန်တဲ့ ခံစားမှုမျိုးကို မနှစ်သက်ပေမယ့် ကိုယ်အနားမှာဘယ်သူမှမရှိတဲ့ အချိန်တွေကို အကောင်းဆုံး ဖြတ်ကျော်နေသူတွေ၊

မနက်လင်းတာနဲ့ ကိုယ့်ကိုဘယ်သူမှ ဂရုတစိုက်ဖုန်းခေါ်မယ့်သူ မရှိပေမယ့်လည်း အပြုံးတွေနဲ့ နိုးထနိုင်သူတွေ။

ဒါဏ်ရာတွေဘယ်လောက်ပဲပြင်းထန်ခဲ့ပါစေ အခုချိန်ထိ တဖြည်းဖြည်း ကုစားဖို့ ကြိုးစားနေတဲ့သူတွေ၊

အတိတ်က relationship ကိုဘယ်လောက်ပဲ ငြိတွယ်နေပါစေ ဘဝအတွက်အနှောင့်အယှက်ဖြစ်စေမယ်တဲ့အတွက် နှောင်ကြိုးတွေကို ဖယ်ခွာနေတဲ့သူ၊ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘယ်လောက်ပဲ ထိခိုက်နာကျင်နေခဲ့ရပါစေ အချစ်စစ်ကိုယုံကြည်နေသေးတဲ့သူတွေ လောကကြီးမှာ အများကြီးပါ။

ဒါကြောင့် စိတ်ဆင်းရဲစရာတွေကြုံလာတိုင်း စိတ်မပျက်ပါနဲ့။ အရာရာကို ကုစားဖို့ အချိန်တစ်ခုတော့ လိုအပ်ပါတယ်။ သာယာလှပတဲ့ မနက်ခင်း တစ်ခုရောက်ဖို့ ညတစ်ခုကိုတော့ ဖြတ်သန်းရစမြဲပါ။ အမှောင်ပြီးရင် အလင်းရောက်လာစမြဲပါ။ အားမလျှော့ဘဲ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။