တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာလေးများ အပိုင်း (၂)

blank

အရင် အပတ်ကတော့ တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာလေးများ အပိုင်း (၁) ကို တင်ဆက်ခဲ့ပါတယ်။ အခုတော့ ဆက်လက်ပြီး အပိုင်း (၂) ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဂန္တဝင် စာဖတ်ပရိသတ်တို့…  ဖတ်ကြည့်လိုက်ရအောင်နော်။ 

၁။ “ကိုယ်ဘယ်ကလာလဲ” ဆိုတာထက် “ကိုယ်ဘယ်ကိုသွားနေတာလဲ” က ပိုအရေးပါတယ်။

၂။ ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့ အချိန်တွေအများကြီး ယူခဲ့ရပေမယ့် အဲဒီယုံကြည်မှုပျက်စီးသွားဖို့တော့ မျက်စိတမှိတ်ပဲ ကြာပါတယ်။

၃။ အောင်မြင်မှုတစ်ခုရဖို့ အချိန်တွေအများကြီး ရင်းနှီးမြှပ်နှံခဲ့ရတာပါ။

၎။ ကိုယ်နှုတ်ကပြောလိုက်တဲ့ ကတိတစ်လုံးဟာ ဥပဒေနဲ့အညီ ချုပ်ထားတဲ့ စာချုပ်တစ်ခုလောက် ခိုင်မာ သင့်တယ်။

၅။ ကလေးတွေရဲ့ အတုယူစရာ သူရဲကောင်းတွေက မိဘတွေဖြစ်တာကြောင့် အတတ်နိုင်ဆုံး ကိုယ့်အပြုအမူတွေကို ဂရုစိုက်ပါ။

၆။ နတ်ဘုံနတ်နန်းဆိုတာ သိသာထင်ရှားတဲ့နေရာတစ်ခုမဟုတ်ပါဘူး။ အေးချမ်း ပြည့်စုံနေတဲ့ စိတ်အခြေအနေလေးတစ်ခုပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ အမှန်ကိုပြောဆိုဖို့ ဝန်မလေးပါနဲ့။ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ အချိန်တန်ရင် အားလုံး အရှိအတိုင်း ဖြစ်မှာပါ။

၈။ သူများအောင်မြင်မှုတွေကို ငေးကြည့်နေရုံနဲ့ ဘဝကို မတင်းတိမ်လိုက်ပါနဲ့။

၉။ တစ်ကယ့်စစ်မှန်တဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထား ချီးမြှောက်တတ်ခြင်းပါပဲ။

၁ဝ။ နေ့စဉ်ဘဝဟာ ဘဝရဲ့ ရည်မှန်းချက်တွေနဲ့ တစ်ချိန်လုံး ရှုပ်ထွေးနေဖို့မဟုတ်ပါဘူး။ မလိုအပ်တဲ့အရာတွေကို လျှော့ချပြီး လက်ရှိအချိန်တွေကို ခံစားပျော်ရွှင်လိုက်ပါ။

၁၁။ ကိုယ်မလုပ်နိုင်တဲ့အရာတွေအတွက် ငြင်းဆိုဖို့ အားမနာပါနဲ့။ ဒါမှသာ ကိုယ်လုပ်သင့်တဲ့အရာတွေကို ပိုအာရုံစူးစိုက်နိုင်မှာပါ။

၁၂။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်ကိုပုံဖော်နေပါတယ်။ လွယ်လွယ် လက်မြှောက်အရှုံးပေးပါများရင် အဲဒါကိုယ့်အကျင့် ဖြစ်သွားနိုင်ပါတယ်။

၁၃။ လူတွေက မဖြစ်နိုင်ဘူးလို့ပြောတဲ့အရာတွေကို လက်ခံပေးလိုက်ပါ။ သို့ပေမယ့် ခိုင်မာတဲ့စိတ်ထားနဲ့ ဒါကိုသင်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်ပါ။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။