မျက်စိ ကျန်းမာရေးအတွက် သိထားသင့်သည်များ

blank

ကျွန်ုပ်တို့ နေ့စဉ်ဘဝ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ အမြင်အာရုံက သိပ်ကိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် သင်ဟာ အမြင်အာရုံ ကောင်းမွန်သူ ဖြစ်စေ၊ အမြင်အားနည်းသူပဲ ဖြစ်စေ မိမိမျက်လုံးကို အန္တရာယ်မဖြစ်စေမယ့် နည်းလမ်းလေးတွေ လိုက်နာဖို့ လိုအပ်ပါတယ်။

အောက်ဖက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေက သင့်မျက်စိ ကျန်းမာရေးအတွက် တကယ့်ကို အသုံးဝင်မယ့် နည်းလမ်းလေးတွေ ဖြစ်တာကြောင့် ဂန္ထဝင်မှ မေတ္တာရှေ့ထား တင်ဆက်လိုက်ပါတယ်။

၁။ စိမ်းစို လတ်ဆတ်တဲ့ အသီးအနှံတွေ လုံလောက်စွာ စားသုံးပေးပါ။

လတ်ဆတ်တဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ခါကြက်ဥ၊ ကိုက်လန်စတာတွေဟာ အမြင်အာရုံ အားကောင်းစေတာကြောင့် သင့်တင့်မျှတစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ နေပူထွက်တဲ့ အချိန်တွေမှာ နေကာ မျက်မှန် သုံးစွဲပေးပါ။

ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တာ လူတိုင်းနီးပါး သိကြပါတယ်။ သို့ပေမယ့် မျက်စိတိမ်စွဲခြင်းနှင့် အခြားမျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေသော တရားခံက ခရမ်းလွန်ရောင်ခြည် ဖြစ်တယ်ဆိုတာတော့ သတိပြုမိ ခဲကြပါတယ်။ ဒီတော့ နေရောင်တိုက်ရိုက်ထိတွေ့ခြင်း အန္တရာယ်ကို ကာကွယ်ဖို့ နေကာမျက်မှန်လေးတွေ ဂရုတစိုက် အသုံးပြုပေးဖို့ လိုပါတယ်။

၃။ ကွန်ပျုတာ၊ ဖုန်း စသည်တို့ကို အချိန်ကြာမြင့်စွာ အသုံးပြုနေစဉ် မျက်လုံးကို မကြာခဏ အနားပေးခြင်း။

ကွန်ပျူတာ ၊ ဖုန်းစတဲ့ စက်ကရိယာတွေကို အချိန်ကြာမြင့်စွာ အသုံးပြုနေစဉ် (၁ဝ) စက္ကန့် တစ်ကြိမ်လောက် မျက်တောင်ခတ် ပေးသင့်ပါတယ်။ ကိုယ်က သတိမထားမိပေမယ့် ဒီလိုမလုပ်ရင်တော့ မျက်လုံးကို ခြောက်သွေ့စေပြီး နေရတာသက်တောင့်သက်သာ ရှိစေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်လုပ်နေရင်း မျက်စိကြည်စေမယ့် စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်မျိုးကို မကြာခဏ ကြည့်ပေးဖို့ လိုအပ်ပါတယ်။

၎။ ကွန်ပျူတာ စခရင်ကို အနေအထားမှန်အောင် ထားပြီးမှ အသုံးပြုခြင်း။

စခရင်ကို ကိုယ့်မြင်ကွင်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် အနေအထားမျိုးမှာ ထားပါ။ ဒီလို အနေအထားမှန်ကန်ခြင်းကြောင့် အားစိုက်ထုတ်မှု အများကြီးမလိုအပ်ဘဲ မျက်လုံး ကို သက်တောင့်သက်သာ ဖြစ်စေမှာပါ။

၅။ အားကစားလုပ်တဲ့ အချိန်မှာ မျက်လုံးအတွက် အကာအကွယ်ယူခြင်း။

အားကစားလုပ်တဲ့ အချိန်မှာ မျက်လုံးကိုမထိခိုက်စေမယ့် အကာအကွယ်မျိုး ဆောင်ထားပါ။ ဥပမာ-ရေကူးတော့မယ်ဆို မျက်လုံးကို အကာအကွယ် ဖြစ်စေတဲ့ မျက်မှန်တပ်ပေးတာမျိုးပေါ့။ မျက်လုံးနဲ့ ရေ တိုက်ရိုက်ထိတွေ့ခြင်းကလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေအနေနဲ့ ရေကူးနေစဉ် မျက်ကပ်မှန် အသုံးပြုဖို့မသင့်ပါဘူး။ မျက်ကပ်မှန်ကတစ်ဆင့် ကူးစပ်ရောဂါတွေ ဝင်ရောက်နိုင်လို့ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။