မှန်ကန်သင့်မြတ်တဲ့ ဘဝနေထိုင်မှုပုံစံဆိုတာ

blank
  • အပြိုင်အဆိုင်များလှတဲ့ ပတ်ဝန်းကျင်မှာ လုပ်ငန်းဆောင်တာတွေကို ဟာကွက်မရှိ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ သို့ပေမယ့် မိသားစုဘဝနဲ့ လူမှုဆက်ဆံရေးတွေ လစ်ဟင်းသွားလောက်တဲ့ထိ အလုပ်က လွှမ်းမိုးနေတာမျိုး မဖြစ်သင့်ပါဘူး။
  • တစ်ခုခု လုပ်ဆောင်တော့မယ်ဆို တွေးတောဆင်ခြင်ဖို့လိုအပ်တာ မှန်ပါတယ်။ သို့ပေမယ့် အတွေးကနေ လက်တွေ့အကောင်အထည်ဖော်ဖို့ကိုလည်း မေ့ထားလို့မရပါဘူး။
  • ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေ စားလို့ရပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေနဲ့ ချိန်ညှိစားဖို့တော့ မမေ့နဲ့ပေါ့။
  • စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြတာမှန်ပါတယ်။ သို့ပေမယ့် ကိုယ်တစ်ကယ်စိတ်ဝင်တစား လုပ်နိုင်မယ့်အလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်ဖို့လဲ အရေးကြီးပါတယ်။
  • သူငယ်ချင်းမိတ်ဆွေတွေအတွက် အချိန်ပေးရမှာ မှန်ပါတယ်။ သို့ပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်ဆန်းစစ်ဖို့လဲ အချိန်တစ်ခုလိုအပ်ပါတယ်။
  • ငွေကို လိုအပ်တဲ့နေရာမှာ မျှတစွာသုံးစွဲရမှာ မှန်ပါတယ်။ သို့ပေမယ့်လည်း မျှတစွာ စီမံခန့်ခွဲဖို့ မမေ့ပါနဲ့။
  • အိမ်ထောင်တစ်ခုမှာ စားဝတ်နေရေး၊ သားသမီးအရေးတွေက အရေးကြီးတာ မှန်ပါတယ်။ သို့ပေမယ့် မိမိအိမ်ထောင်ဖက် အတွက်လည်း နွေးထွေးကြင်နာရမယ့် အချိန်လေးတွေ ရှိနေဖို့ လိုအပ်ပါတယ်။
  • အသစ်အဆန်းတွေကို စမ်းသပ်လုပ်ကိုင်ပါ။ သို့ပေမယ့် ကြုံတွေ့ရမယ့် အပြောင်းအလဲကိုတော့ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။
  • ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို တင်ပြခွင့်ရှိသလို နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိုနှိုင်းမှု ရှိပါ။
  • လူတွေက ကိုယ့်ယုံကြည်မှု၊ အယူအဆတွေနဲ့ ခိုင်ခိုင်မတ်မတ် ရပ်တည်သင့်တာမှန်ပါတယ်။ သို့ပေမယ့် လူတွေနဲ့ သဟာဇာတဖြစ်ဖို့တော့ ညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • တောင်းဆိုမှုတွေကို တတ်နိုင်သမျှ ကူညီပေးရမှာ လောကကျင့်ဝတ် မှန်ပါတယ်။ သို့ပေမဲ့ ကိုယ့်ဦးစားပေး လုပ်ငန်းဆောင်တာတွေ သွေဖယ်သွားလို့တော့ မရပါဘူး။
  • ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာတွေအတွက် အကူအညီတောင်းရမှာ မှန်ပါတယ်။ သို့ပေမယ့် ကိုယ့်ကိုယ်ကိုလည်း တတ်နိုင်သလောက် လုံလောက်အောင် ဖြည့်ဆည်းထားပါ။
  • လူတွေရဲ့ သဘောဆန္ဒတွေကို ဂရုမစိုက်ရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ့်အတွင်းစိတ်သဘောထားတွေ ပြောင်းလဲသွားဖို့ထိတော့ မဖြစ်သင့်ပါဘူး။
  • ဘဝမှာ ကိုယ်နဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို စောင့်ဆိုင်းရမှာ မှန်ပါတယ်။ သို့ပေမယ့် အဲလိုစောင့်ဆိုင်းနေချိန်မှာ ကိုယ့်ဘဝတက်လမ်း အတွက်လည်း လျှောက်လှမ်းရမှာပါ။
  • လူတွေဟာ ခံစားတတ်တဲ့ သတ္တဝါတွေမို့ စိတ်ခံစားမှုကို ဦးစားပေးတတ်တာ သဘာဝပါ။ သို့ပေမဲ့ ဦးနှောက်ရဲ့ ထိန်းချုပ်မှုတော့ မကင်းလွတ်စေနဲ့ပေါ့။

တကယ်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရဖို့ အဓိကသော့ချက်ကတော့ နေ့စဉ်ဘဝကို မျှတစွာဖြတ်သန်းနိုင်ခြင်းက ဖြစ်ပါတယ်။ ကိုယ့်ရှိတာလေးတွေနဲ့ ကျေနပ်ရောင့်ရဲပြီး အထက်ဖော်ပြပါ အချက်လေးတွေနဲ့ ဘဝကို ညီညွတ်မျှတစွာ ဖြတ်သန်းမယ်ဆို ပိုပြီးသာယာပျော်ရွှင်ဖွယ် ဘဝတစ်ခု ပိုင်ဆိုင်နိုင်မှာ မလွဲပါပဲ။