အအိပ်မက်သူတွေသိစေဖို့ အိပ်စက်ခြင်းဆိုင်ရာ သိစရာလေးများ-အပိုင်း (၁)

blank

၁။       အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး အိပ်စက်ခြင်း လိုအပ်ပါတယ်၊ သူတို့ရဲ့ ဦးနှောက်ကို အမျိုးသားတွေထက် ပိုပြီးအသုံးချရလို့ပါပဲ။

၂။       အိပ်စက်ခြင်းနှင့် ကိုယ်အလေးချိန် တက်ခြင်းကျခြင်းတွေက စပ်ဆက်မှုရှိပါတယ်။

၃။       သီးချင်းနားထောင်ခြင်းကလည်း အိပ်စက်ခြင်းကို လှုံ့ဆော်ပေးပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။       တစ်ရက်ကို နာရီအနည်းငယ်ပဲ အိပ်စက်ခြင်းသည် လိမ်လည်လိုစိတ်၊ ခိုးယူလိုစိတ်များ တိုးပွားစေနိုင်ပါတယ်။

၅။       လေ့လာမှုတစ်ခုအရ တစ်ရက်မှာ (၆)နာရီကနေ (၇)နာရီကြာ အိပ်စက်သူတွေက တစ်ရက်မှာ ၈နာရီကြာ အိပ်စက်သူတွေထက် အသက်ပိုရှည်တယ်လို့ ဆိုထားပါတယ်။

၆။       တချို့လူတွေမှာ hDEC2 လို့ခေါ်တဲ့ gene တစ်မျိုးကြောင့် (၄)နာရီသာအိပ်စက်နိုင်ကြပြီး ၄နာရီကြာရင် နိုးထစေပါတယ်။

၇။       အိပ်ရေးမ၀ဘဲ ကားမောင်းခြင်းက အရက်မူးပြီးကားမောင်းခြင်းလိုပဲ အန္တရယ်များစေပါတယ်။

၈။       မအိပ်ဘဲ (၁၆)နာရီကြာနေခြင်းက blood alcohol level ၀.၅% ရှိသော အရက်သောက်ထားသူတစ်ယောက်လို စွမ်းဆောင်မှုအား (performance level) လျော့နည်းစေပါတယ်။

၉။       မအိပ်ဘဲ အကြာဆုံးနေနိုင်တဲ့ စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ်။

၁၀။     ၁၉၆၄ခုနှစ်က အသက် (၁၇)နှစ်အရွယ် ရန်ဒီ ဂါနာ (Randy Gardner) သည် (၂၆၄) နာရီ နှင့် (၁၂) မိနစ်ကြာအောင် မအိပ်ဘဲ နေခဲ့ပါတယ်။

၁၁။     ဘာလို့ လူတွေက အိပ်စက်နေရတာလဲဆိုတာကို သိပ္ပံပညာရှင်တွေက အဖြေမရှာနိုင်သေးပါဘူး။

၁၂။     ကာလာ တယ်လီဗီးရှင်း (colour television) တွေမပေါ်ခင်က ၇၅%လောက်က အဖြူအမည်း အိပ်မက်တွေပဲမက်ကြပြီး ရောင်စုံ တီဗီတွေပေါ်လာတော့ ၁၂%လောက်ကသာ အဖြူအမည်း အိပ်မက်တွေ မက်ကြပါတော့တယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။