ပျိုမေတို့၏ ဓမ္မတာမမှန်ခြင်းကို ဖြေရှင်းပေးနိုင်သော အိမ်တွင်းဆေးစွမ်းကောင်း(၅)မျိုး

blank

ဓမ္မတာမမှန်ခြင်းတွေ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းတွေက ပျိုမေတို့ရဲ့ဘ၀မှာ ရာသီပေါ်ကာစကနေစပြီး သွေးဆုံးသည်အထိ ဒုကပေးနေတတ်ကြတယ်။ ဘယ်လောက် စိတ်ဒုကရောက်ရောက် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်လို့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ ဆေးဖက်ဝင်အပင်များ (Teas and herbs)

လက်ဖက်နက်၊ လက်ဖက်စိမ်း ၊လက်ဖက်ဖြူ တို့ထဲကမှ မိမိနှစ်သက်ရာတစ်မျိုးကို သောက်သုံးပေးပါ။ အရသာအတွက် သင်ကြိုနှစ်သက်သလို (သံပရိုသီး၊ ပျားရည်၊ နို့)များဖြင့် တွဲဖက်သောက်သုံးနိုင်ပါတယ်။ မီးဖိုချောင်သုံးဟင်းခတ်အမွှေးအကြိုင်များဖြစ်တဲ့ ဂျင်း၊နံနံ တို့ကိုလည်း နေ့စဉ်စားသောက်နေတဲ့ အစားအစာများထဲတွင် ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။

၂။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများ

ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် (vitamins) နှင့် မင်နရယ်(minerals) များစွာကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ရာသီအလိုက် လတ်ဆတ်သော သစ်သီးဖျော်ရည်များနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဟာ အကောင်းဆုံးအာဟာရကို ပေးစွမ်းနိုင်ပါတယ်။

၃။ သစ်စေ့များ

သစ်စေ့တွေကတော့ သရေစာများအဖြစ်လည်း စားသုံးနိုင်သလို အသုပ်များနှင့်လည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ဇီရာစေ့ နှင့် နှမ်းစေ့ တွေက ဓမ္မတာမမှန်ခြင်းအတွက် အကောင်းဆုံး ဖြည့်စွက်စာတွေပဲဖြစ်ပါတယ်။ ပျားရည်နွေးနွေးလေးနဲ့ တွဲဖက်စားသောက်မယ်ဆိုရင် ပိုပြီး အာဟာရရှိပါတယ်။

၎။ သဘောသီး

တချို့ အမျိုးသမီးတွေမှာဆိုရင် သင်္ဘောသီးအစိမ်းကို စားခြင်းဖြင့် သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ ဝေဒနာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ရာသီမမှန်ခြင်းတွေမှာလည်း သင်္ဘောသီးအစိမ်းကို စားသုံးပေးနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ခြင်း

အားအင်သိပ်မသုံးရတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးခြင်းကလည်း ဓမ္မတာပုံမှန်ဖြစ်စေရန် အထောက်အကူပေးပါတယ်။ ရေကူးခြင်းနဲ့ ယောဂကျင့်စဉ်လို လေ့ကျင့်ခန်းမျိုးကို မိနစ် ၃၀နှင့် မိနစ် ၆၀ ကြားမှာ နေ့စဉ် ပုံမှန်လုပ်ပေးသင့်ပါတယ်။

ဖော်ပြပါနည်းလမ်းကောင်းများသည် လူပေါ်မူတည်ပြီး အကျိုးသက်ရောက်ပုံခြင်းကွဲပြားခြားနားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မိမိခနာကိုယ်ရဲ့ လိုအပ်ချက်ကို သုံးသပ်ပြီး သင့်လျော်မယ့် နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ နည်းလမ်း (၅)ခုထဲက အနည်းဆုံးတစ်ခုကတော့ ပျိုမေတို့ရဲ့လစဉ် ပြနာအတွက် ဆေးစွမ်းကောင်းလေးတစ်ခွက်ဖြစ်လာမှာပါ။ 

အ​ထက်ပါ အကြောင်းအရာများကို ​သ​ဘောတူရင်​ ​ကျေးဇူးပြုပြီး SHARE ​ပေးပါဦး။ LIKE လုပ်ရန်လည်း သတိရပေးပါနော်​။