တချို့လူတွေက အိပ်မက်ကို ပြန်သတိရကြပြီး တချို့တွေက သတိမရတာ ဘာကြောင့်လဲ

blank

လူတိုင်းလူတိုင်းကတော့ အိပ်မက်မက်ဖူးကြမှာပါ။ အချို့တွေက ကိုယ်မက်တဲ့အိပ်မက်တွေကို မှတ်မိတတ်ကြပြီး အချို့ကတော့အိပ်ယာထတာနဲ့ ၀ိုးတိုးဝါးတားဖြစ်သွားတတ်ကြပါတယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်ကကို ဒီလိုဖြစ်တာဘာကြောင့်လဲဆိုတာ အဖြေမရှာနိုင်သေးပါဘူး။ ဒါဟာလည်း စဉ်းစားစရာတစ်ခုပါပဲ။

ဒါကိုလေ့လာဖို့ ကျွမ်းကျင်သူတွေက ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုမှာပါဝင်သူအချို့ကတော့ နေ့တိုင်းနီးပါး အိပ်မက်တွေကိုပြန်မှတ်မိတတ်ကြတယ်။ ဒီလိုလူတွေကို ဟိုက် ရီကော်လာ(high recallers) လို့သတ်မှတ်ပြီး တစ်လမှာ ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေကို တစ်ကြိမ်နှစ်ကြိမ်ပဲ မှတ်မိတတ်တဲ့သူတွေကိုတော့ လိုး ရီကော်လာ(low recallers) လို့သတ်မှတ်လိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂၀၁၄မှာ လေ့လာတွေ့ရှိချက်အရ high recallers တွေကအအိပ်ဆတ်တတ်ကြတာကို တွေ့ရပါတယ်။ အိပ်ရေးဆတ်တာကြောင့် မကြာခဏ နိုးလာတတ်ကြပြီး ထိုအချိန်အတွင်း မှတ်ဥာဏ်မှ အိပ်မက်တွေကို မှတ်သားထားလိုက်ခြင်းဖြစ်ပါတယ်။

အောက်ဖော်ပြပါ ဇယားတွင် အုပ်စုနှစ်စုကို ခွဲပြီးဖော်ပြထားပါတယ်။ ဒါတွေက ပုံမှန်တွေ့ရတဲ့ လူ့သဘာဝနှစ်မျိုးဖြစ်ပါတယ်။

Sleep

ဒီဇယားကိုကြည့်ခြင်းအားဖြင့် အိပ်မက်ကိုပိုမှတ်မိရတဲ့ အကြောင်းက အိပ်ယာခဏခဏ နိုးတတ်လို့ဆိုတာကို တွေ့ရမှာပါ။ တကယ်တော့ အိပ်ပျော်နေရင် ဦးနှောက်ရဲ့ မှတ်ဥာဏ်ကအလုပ်မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့်နိုးလာတော့ အိပ်မက်တွေကို မှတ်ထားလိုက်သလိုဖြစ်တာပေါ့။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။