စာချစ်သူတို့ရေ…
ဝိတ်ချသာချနေပေမယ့် အဆီတွေက ခန္ဓာကိုယ်ကို ဖက်တွယ်ထားသလိုပဲ မကျနိုင်ဖြစ်နေလား။
အဲ့ဒါဆိုရင်တော့ သင့်အနေနဲ့ အောက်ကအချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်ဖို့ လိုနေပါပြီနော်။
၁။ အနည်းဆုံး ၇ နာရီပြည့်အောင် အိပ်ပါ။
၂။ အစာချေဖျက်မှုကို အားပေးတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပါ။
၃။ ရေများများသောက်ပါ။
၄။ ဆီကိုနည်းနိုင်သမျှနည်းအောင် စားပါ။
၅။ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို မြန်ဆန်စေတာကြောင့် အဆီကျဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပါ။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
၆။ Cardio Exercise တွေဟာ ခန္ဓာကိုယ်အတွက် အကျိုးထူးတာ မှန်ပါတယ်။ ဒါပေမဲ့ အဆီကျချင်တယ်ဆိုရင်တော့ Resistance training တွေကိုလည်း လုပ်သင့်ပါတယ်။
၇။ အစေ့အဆန်တွေ၊ ဆီနဲ့ အသီးတွေဟာ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုစားမိရင်တော့ ဝိတ်တက်တတ်တာကို သတိထားပါ။
၈။ ကယ်လိုရီတွေကိုတွက်ချက်ပြီးစားခြင်းဟာ ဝိတ်ကျစေဖို့ အမှန်တကယ်ကူညီပေးနိုင်တာကြောင့် တစ်နေ့တာမှာ ကယ်လိုရီဘယ်လောက်စားမလဲဆိုတာကို သေချာတွက်ချက်ပြီးမှ စားပါ။
၉။ သကြားအစားများခြင်းဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတာကြောင့် သကြားကို တတ်နိုင်သလောက် လျှော့စားပါ။
သင်ကော… ဝိတ်ချသလောက် မကျဘူးဖြစ်နေလား။ ဘယ်အချက်တွေကို လုပ်မိနေလို့လဲ။