စာချစ်သူတို့ရေ…။
ပြောင်းလဲလာတဲ့လူနေမှု ဘဝအရ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ Menstrual Cup တွေဟာ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးဆိုပေမယ့် မလွဲရှောင်သာတဲ့ အခြေအနေတွေမှာ အဝတ်သို့မဟုတ် Reusable Pad တွေကို အသုံးပြုနေတာတွေလည်း ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ဂန္ထဝင်အနေနဲ့ အဝတ် ဒါမှမဟုတ် Reusable Pad တွေကို သုံးမယ်ဆိုရင် သတိပြုရမယ့် အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။
Reusable Pad တွေကို အသုံးပြုနေတယ်ဆိုရင် သေသေချာချာ လျှော်ဖို့၊ ဂရုစိုက်ဖို့ ထိန်းသိမ်းဖို့ လိုအပ်တယ်မဟုတ်လား။ အကယ်၍ သန့်ရှင်းမှုမရှိဘူးဆိုရင် မျိုးပွားလမ်းကြောင်းမှာ ပိုးတွေဝင်ခိုင်းဖို့ လမ်းထွင်ပေးသလို ဖြစ်လာနိုင်ပါတယ်။
၁။သွေးကနေ ကူးစက်တတ်တဲ့ ရောဂါရှိတဲ့ အမျိုးသမီးတွေအနေနဲ့ Reusable Pad တွေကို အသုံးပြုတယ်ဆိုရင် အခြားလူထက် နှစ်ဆပိုပြီးဂရုစိုက်သင့်ပါတယ်။
၂။ Reusable Pad အနည်းဆုံး ၆ နာရီခြားတစ်ခါလောက် လဲလှယ်ပေးသင့်ပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
၃။ ဝတ်ပြီးတာနဲ့ အမြန်ဆုံးလျှော်ပစ်တာက အကောင်းဆုံးပါ၊ အကယ်၍ ချက်ချင်းမလျှော်နိုင်ရင် ပလပ်စတစ်အိတ်နဲ့ လုံခြုံစွာ ထုပ်ပိုးထားပါ။
၎။ Reusable Pad တွေကို မလျှော်ခင်မှာ ရိုးရိုးရေအေးနဲ့ နာရီဝက်လောက် အရင်စိမ်ထားပါ။ နောက်ကျမှ ဆပ်ပြာထည့်ပြီး လျှော်ဖွတ်ပါ။ နေရောင်ခြည်တိုက်ရိုက်ရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာမျိုးမှာ လှန်းပါ။
၅။ သေချာခြောက်သွားတဲ့အခါမှာ မီးပူတိုက်ပါ။
ရာသီစက်ဝန်းကာလဆိုတာ အမျိုးသမီးတွေအတွက် အရေးကြီးတာကြောင့် သန့်ရှင်းပြီး ပိုးမွှားကင်းစင်တဲ့ အမျိုးလစဉ်သုံးပစ္စည်းတွေဖြစ်ဖို့တော့ သတိပြုသင့်ပါတယ်။
Reusable Pad တွေအပေါ် သင့်ရဲ့အမြင်လေးကိုလည်း မျှဝေပေးပါဦးနော်။