ကျန်းမာသန့်ရှင်း အနံ့ဆိုးကင်းတဲ့ မိန်းမကိုယ်ဖြစ်စေဖို့ ဆောင်ရန်ရှောင်ရန်အချက်များ

blank

အမျိုးသမီးတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးက သိပ်ကိုအရေးပါပါတယ်။ လူမြင်တဲ့နေရာတွေမှာလည်း သန့်ရှင်းနေဖို့လိုသလို လူမမြင်သူမမြင် အစိတ်အပိုင်းတွေမှာလည်း သန့်ရှင်းပြီး ကျန်းမာနေဖို့လိုပါတယ်။ မိန်းမကိုယ်မှာ သန့်ရှင်းမှုမရှိရင် မှိုရောဂါတွေဖြစ်ပွားပြီး အနံ့ဆိုးတွေဖြစ်တတ်တာကြောင့် ပုံမှန်သန့်ရှင်းပေးသင့်ပါတယ်။ အဲ့ဒီလို သန့်ရှင်းရာမှာလည်း

စနစ်မကျရင် ဆိုးကျိုးတွေပိုပြီးဖြစ်စေနိုင်တာကြောင့် မိန်းမကိုယ်သန့်ရှင်းနေဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မိန်းမကိုယ်ကို တစ်နေ့တစ်ကြိမ် မှ နှစ်ကြိမ်ထိ ဆေးကြောပါ။ မိန်းမကိုယ်ရဲ့ သဘာဝ pH ကို ထိန်းပေးနိုင်တဲ့ intimate wash ကိုသုံးပြီး ရေနဲ့ ဆေးကြောပါ။

၂။ ဆေးတဲ့အခါမှာ ဆပ်ပြာလုံးဝ မသုံးပါနဲ့။ ဆပ်ပြာသုံးပြီးဆေးကြောတာက သင့်ရဲ့ မိန်းမကိုယ်ကျန်းမာရေးကို သင်ကိုယ်တိုင် ဖျက်ဆီးနေသလိုပါပဲ။

၃။ ဆေးတဲ့အခါမှာ အရှေ့ကနေ အနောက်ကို ပွတ်ပြီးဆေးပါ။ အနောက်ကနေ အရှေ့ကိုပွတ်ပြီးဆေးတာက ဘက်တီးရီးယားတွေကို ပိုပြီးပျံ့နှံ့စေပါတယ်။

၎။ မိန်းမကိုယ်တစ်ဝိုက်က မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို ရိတ်ပြီးတဲ့အခါမှာ natural soothing cream လေး လိမ်းပေးပါ။

၅။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံဝတ်ပါ။ ကျပ်လွန်း၊ လှောင်ပိတ်လွန်းတဲ့ အတွင်းခံတွေက နူးညံ့တဲ့အရေပြားအလွှာလေးကို ပွန်းစေပြီး အလွယ်တကူ ပိုးဝင်စေပါတယ်။

၆။ မိန်းမကိုယ်အနံ့မွှေးအောင်လို့ အမွှေးနံ့ပါတဲ့ဆပ်ပြာတွေ၊ အနံ့ပျောက်ဆေးတွေ မသုံးပါနဲ့။ အဲဒီအနံ့ပျောက်ဆေးတွေက မိန်းမကိုယ်တစ်ဝိုက်မှာ pH မညီမမျှဖြစ်စေပါတယ်။

၇။ နေ့စဉ်သုံးပစ္စည်း (panty liner) သုံးပါ။ Panty liner က မိန်းမကိုယ်ကဆင်းတဲ့အရည်တွေ အတွင်းခံမှာ မစွန်းအောင်၊ အနံ့ဆိုးမထွက်အောင် ကာကွယ်ပေးပါတယ်။

၈။ မိန်းမကိုယ်ကို ဆေးကြောပြီးတဲ့အခါမှာ ရေခြောက်အောင် ပွတ်ပြီးမသုတ်ပါနဲ့။ ရေစုပ်အားကောင်းတဲ့ တဘက်လေးနဲ့ အသာအယာလေးတို့ပြီးသုတ်ပေးပါ။

၉။ ဓာတ်မတည့်ပြီး ယားယံတာမျိုးဖြစ်စေနိုင်တာကြောင့် ဓာတုပစ္စည်းများစွာပါဝင်တဲ့ လိမ်းဆေး၊ ဖျန်းဆေး၊ bubble baths စတာတွေ မသုံးပါနဲ့။

ဂန္ထဝင်ပျိုမေတို့ရေ…

ထပ်ပြီးသတိပေးချင်တာက မိန်းမကိုယ်ကိုဆေးကြောတဲ့အခါ ဆပ်ပြာလုံးဝမသုံးဖို့ပါ။ ဆပ်ပြာဆိုတာ နူးညံ့တဲ့ မိန်းမကိုယ်အတွက်တော့ တကယ့်ကို အန္တရာယ်ပါ။ ဒါပေမဲ့ အမျိုးသမီးအများစုက ဆပ်ပြာကို အလွယ်တကူပဲ သုံးနေကြတာကို တွေ့ရပါတယ်။ မိန်းမကိုယ်ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ ပိုးဝင်တာ၊ အဖြူဆင်းတာတွေက မိန်းမကိုယ်ကို ရေနဲ့ပဲဆေးလို့၊ ဒါမှမဟုတ် ရေနဲ့ ဆပ်ပြာနဲ့သုံးပြီး ဆေးလို့ ဖြစ်ရတာပါ။

နူးညံ့တဲ့ အတွင်းနေရာလေး ကျန်းမာသန့်ရှင်းအောင် ဂရုတစိုက်နဲ့ ထိန်းသိမ်းလိုက်ကြရအောင်လား ပျိုမေတို့ရေ…။