အားလုံးအတွက် အောင်ပွဲနေ့တစ်နေ့ကျန်ပါသေးတယ်။

blank

Mask မတပ်ဘဲ လမ်းမှာလျှောက်သွားနေတာကို မြင်တဲ့အခါ အိမ်နဲ့ဝေးပြီး အကူအညီပေးနေတဲ့ Volunteer လေးတွေကို အားနာမိတယ်။

အုပ်စုလိုက်လမ်းပေါ်မှာ အုံဖွဲ့နေတာကိုမြင်တဲ့အခါ ဆေးရုံမှာ သေမင်းနဲ့စစ်ခင်းပြီး လူနာရဲ့အသက်ကို လုပေးနေတဲ့ ဆရာဝန်ကြီးကို အားနာမိတယ်။

အိမ်ထဲကနေ အိမ်ပြင်မထွက်ရလို့ ညည်းတွားဆဲဆိုနေတာကို မြင်ရကြားရတဲ့အခါ အသက်ရှင်ရဖို့ သေမင်းနဲ့တိုက်ခိုက်နေတဲ့ လူနာကို အားနာမိတယ်။

လက်မဆေးဘဲ အိမ်ထဲဝင်တဲ့သူတွေ၊ အခွင့်သာတိုင်းအပြင်ထွက်ချင်နေတဲ့သူတွေကိုတွေ့တိုင်း ဘဝရဲ့ကဏ္ဍတိုင်းကို တံခါးပိတ်ထားပြီး လူနာတွေကို ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အားနာမိတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုရိုနာရဲ့ တိုက်ပွဲမှာ ကျွန်မတို့ အောင်နိုင်ဖို့ကျန်ပါသေးတယ်။

ဆေးရုံမှာရောက်နေတဲ့လူတွေ အိမ်အကုန်ရောက်တဲ့အထိ၊ Quarantine Center မှာ လူမရှိတော့တဲ့အထိ၊ ICU ကြီး တိတ်ဆိတ်ခြောက်ကပ်သွားတဲ့အထိ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလပ်သွားတဲ့အထိ၊ Volunteer တွေ အမေ့ရင်ခွင်ရောက်တဲ့အထိ ကျွန်မတို့ ခဏစောင့်ရအောင်၊ တတ်နိုင်သရွေ့အိမ်ထဲ နေရအောင်။ ကိုဗစ်ကိုအပြီးမောင်းထုတ်နိုင်တဲ့တစ်နေ့မှာ Mask တွေအားလုံး လေထဲလွှင့်ပစ်ရင်း အားရပါးရအောင်ပွဲခံကြရအောင်။

သင်ကော ပါမလား။