လမ်းမထွက်ပါနဲ့။ ကိုဗစ်ကြီးက သင့်ကို စောင့်နေတယ်။

blank

– သင်သွားရှာတဲ့သူနဲ့တွေ့ချင်မှတွေ့လိမ့်မယ်။ ကိုဗစ်ကြီးနဲ့တွေ့ဖို့က ရာခိုင်နှုန်းပိုများပါတယ်။

– သင်လိုချင်တဲ့ပစ္စည်း ဈေးဆိုင်မှာ ရှိချင်မှရှိလိမ့်မယ်။ လူစည်ကားတဲ့နေရာတွေလိုက်ရှာနေတဲ့ ကိုဗစ် ကြီးကတော့ သင်မသိနိုင်တဲ့နေရာမှာ ရှိနေနိုင်တယ်။

– သင်ကတော့ အိမ်ထဲနေရတာငြီးငွေ့လာလို့ ခဏအပျင်းပြေလမ်းလျှောက်ထွက်တာ ဖြစ်ကောင်း ဖြစ် လိမ့်မယ်။ သင့်လိုထွက်လာမယ့်သူတွေကို လမ်းပေါ်က စောင့်နေတဲ့ ကိုဗစ်ကြီးနဲ့ တွေ့နိုင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ ခဏလေးပဲ။ အကာအကွယ်နဲ့သွားတာ။ ဘာမှမဖြစ်နိုင်ပါဘူး” ကနေ ဘာမဆိုဖြစ်သွားနိုင်တယ်ဆို တာ ကမ္ဘာအနှံ့လက်ရှိကူးစက်ခံလူနာပေါင်းသန်းချီအရေအတွက်က သက်သေပါပဲ။ ဘယ်လောက်ပဲသတိထား ထား ကိုဗစ်ဆိုတာ မြင်နိုင်တဲ့အရာမဟုတ်တဲ့အတွက် သူနဲ့မထိတွေ့မိဖို့ဆိုရင် သူရှိနိုင်တဲ့နေရာတိုင်းကို တတ် နိုင်သမျှ ရှောင်နေလို့ပဲ ရပါတယ်။
သူ့အကြောင်းနေ့တိုင်း တရင်းတနှီးပြောနေရလွန်းလို့ဆိုပြီး “ ကိုဗစ် ” ကို လုံးဝလျှော့မတွက်လိုက်ပါနဲ့ နော်။ WHO ရဲ့ထုတ်ပြန်ချက်အရ ဒီနေ့အထိ ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းသေဆုံးခဲ့သူပေါင်း ၁ သန်းကျော် သွားပါပြီ။

ဒါကြောင့် အိမ်ထဲနေခြင်းဖြင့် ကိုဗစ်ကူးစက်မှုပြတ်တောက်သွားအောင် အတူဝိုင်းဝန်းကြိုးစားရအောင်နော်။