ကိုဗစ်ကြောင့် စိတ်တွေပူပန်နေတဲ့အခါ….။

blank

ဒီထက်ပိုပြီး ခက်ခဲတဲ့ ဘဝပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့တာကို သတိရပါ။

ပူပန်မှုတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို သတိရပါ။

ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲပစ်မယ့် အချိုးအကွေ့တိုင်းဟာ ခက်ခဲကြမ်းတမ်းမှုတွေရှိနေတတ်တယ်ဆိုတာ သတိရပါ။

ဒီကာလကို အတူတူကျော်လွှားပြီးရင် ပိုကောင်းတဲ့ဘဝတစ်ခုဆီကို အတူတူတက်လှမ်းကြမယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒီကာလကို ချစ်ခင်ကြင်နာမှုတွေအပြည့်နဲ့ကျော်လွှားကြမယ်။

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြမယ်။

ကိုဗစ်ကြောင့် စိတ်ပူပန်နေတဲ့အခါ သတိရပါ။ ညဆိုတာ နက်ချင်သလောက် နက်ပြီးရင် ပြန်လင်းလာမယ့်အရာဆိုတာကိုပေါ့။