ဗီတာမင် D ကို လုံလောက်စွာ ဘာကြောင့်ဖြည့်တင်းပေးသင့်လဲ

blank

ဂန္ထဝင်စာချစ်သူတို့ရေ…….

နံနက်ခင်းနေခြည်နုနုလေးတွေမှာ… အဆီကြွယ်ဝတဲ့ငါးနဲ့ မှိုလို အစားအစာတွေမှာ…၊ နို့ထွက်ပစ္စည်းတွေမှာ  ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် D ဟာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေအများကြီးပေးနိုင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၁ ဘီလီယံခန့်အထိ ဗီတာမင် D ချို့တဲ့မှုခံစားနေရပေမယ့်  လူအများစုကတော့ သတိမထားမိပါဘူး။ ဘာလို့လဲဆိုတော့ ဗီတာမင် D ချို့တဲ့မှု ရောဂါလက္ခဏာတွေဟာ မထင်ရှားသလို အခြားအခြေအနေတွေ၊ အခြားဓာတ်တွေ ချို့တဲ့ခြင်းတွေနဲ့ ရောထွေးနေလို့ပါပဲ။  ဒါ့ကြောင့် ဗီတာမင် D ချို့တဲ့ခြင်း လက္ခဏာရပ်တွေကို ဂန္ထဝင်စာချစ်သူတို့ သတိထားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မကြာခဏ ဖျားခြင်း

၂။ မောပန်းလွယ်ခြင်း

၃။ ကြွက်သားနဲ့ ကျောပြင်တွေ နာကျင်ခြင်း

၎။ စိတ်ကျရောဂါဖြစ်ခြင်း

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဆံပင်ကျွတ်ခြင်း

၆။ ဒဏ်ရာအကျက်နှေးခြင်း

၇။ Calcium စုပ်ယူမှုနှေးလာပြီး အရိုးပြဿနာများဖြစ်ခြင်း

သင့်ကိုယ်သင် ဗီတာမင်ချို့တဲ့ပြီထင်ရင် ဆရာဝန်နဲ့ပြသဖို့ တွန့်ဆုတ်မနေပါနဲ့။ ဗီတာမင် D မချို့တဲ့ဖို့ နံနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ပါ၊ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးပါနော်။

ကျန်းမာရေးဗဟုသုတတွေရစေဖို့ ဒီစာစောင်လေးကို မျှဝေလိုက်ပါဦးနော်။