မနက်စာအဖြစ် စားသုံးသင့်တဲ့အစားအစာများ

blank

        မနက်ခင်းအိပ်ရာထချိန်တွေမှာ အစာအိမ်ဟာ အစာမရှိဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအစာမရှိဖြစ်နေချိန်မှာ အစားအသောက်နည်းနည်းမှားလိုက်တာနဲ့ အစာချေလမ်းကြောင်းကို ထိခိုက်စေပြီး အစာအိမ်ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် မနက်အိပ်ရာနိုးချိန်တွေနဲ့ ဗိုက်ထဲအစာမရှိချိန်တွေမှာ ဘယ်အစားအစာတွေကို စားသင့်တယ်၊ ဘယ်အစားအစာတွေကို ရှောင်သင့်တယ်ဆိုတာကို ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ Oatmeal – အဆာလွန်ခြင်းကြောင့်ဖြစ်စေတဲ့ အစာအိမ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကိုလက်စထရောကို လျော့နည်းစေပါတယ်။

၂။ နှံစားပြောင်း – ဗီတာမင် E နဲ့ ဖောလစ်အက်ဆစ်ပါဝင်တာကြောင့် အစာချေစနစ်ကို ပုံမှန်လည်ပတ်စေပါတယ်။

၃။ အခွံမာအစေ့ – အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်အတွင်းမှာရှိတဲ့ pH ပမာဏကို ထိန်းညှိပေးတာကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးပါတယ်။

၎။ ဖရဲသီး – အစာချေရည်ပမာဏကို ထိန်းညှိပေးတဲ့အပြင် မျက်စိနဲ့ နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

၅။ ကြက်ဥ – ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ဗိုက်ပြည့်လွယ်စေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ဂျုံယို – ဂျုံယိုမှာ ပါဝင်တဲ့ ဂျုံစေ့လေးတွေဟာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။

၇။ ပေါင်မုန့်ကြမ်း – တဆေး (yeast) မပါတဲ့ ပေါင်မုန့်ကြမ်းတွေက ကာဘိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၈။ ပျားရည် – မနက်ခင်းတွေမှာ ပျားရည်သောက်တဲ့အခါ ခန္ဓာကိုယ်စွမ်းအင်တွေကို မြင့်တက်စေပြီး တစ်နေ့တာလုံးကို တက်ကြွလန်းဆန်းစေပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။