သတိမထားမိဘဲ လုပ်ကိုင်မိနေတတ်တဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူများ

blank

ကျန်းမာခြင်းဆိုတာဟာ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းတာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ကော စိတ်ပါကျန်းမာမှသာ တကယ်ကျန်းမာတယ်လို့ ဆိုနိုင်တာပါ။ ကျန်းမာသန်စွမ်းဖို့ ခန္ဓာကိုယ်ကို ဂရုစိုက်ရသလိုပါပဲ။ စိတ်ကိုလည်း လုံလောက်တဲ့ ဂရုစိုက်မှုတွေ ပေးဖို့လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးဆိုတာကတော့ ကိုယ့်ခံစားချက်တွေအားလုံးကို သိရှိနားလည်ပြီး ကောင်းကောင်းချုပ်ထိန်းနိုင်ခြင်းပါပဲ။ အောက်ပါအကြောင်းအရာလေးတွေကတော့ လူတွေသတိမထားမိဘဲ လုပ်ကိုင်မိနေတတ်တဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတတ်တဲ့ အပြုအမူလေးတွေပါပဲ။

၁။ အဆိုးမြင်စိတ်များခြင်း။

၂။ အဖြစ်မှန်ကို ရှောင်လွဲနိုင်ဖို့ စွဲလမ်းမှုတွေကို အသုံးချခြင်း။

၃။ ဆင်ခြေပေးခြင်း။

၎။ ညည်းညူတတ်ခြင်း။

၅။ လက်ရှိအကြောင်းကို မစဉ်းစားဘဲ အတိတ်နဲ့ အနာဂတ်အတွက်ပဲ တွေးပူနေတတ်ခြင်း။

၆။ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရုံတင်မက အခြားသူတွေကိုလည်း လိုက်လံဝေဖန်တတ်ခြင်း။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ကိုယ့်ဘဝကို ကြောက်ရွံ့မှုတွေထဲမှာပဲ မြှုပ်နှံထားမိခြင်း။

၈။ အတိုင်းအထွာမရှိဘဲ သုံးစွဲတတ်ခြင်း။

၉။ ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်း။

၁ဝ။ ပြဿနာတွေအပေါ်မှာ အလွန်အမင်းအာရုံစိုက်ခြင်း။

စာချစ်သူတို့ကော ဘယ်အချက်တွေကို သတိမထားမိဘဲ လုပ်မိနေတတ်တယ်ဆိုတာ comment box မှာ မျှဝေပေးသွားပါဦးနော်။