ဒီနေ့ခေတ်အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘာကြောင့် စိတ်ဖိစီးမှုပိုများကြတာလဲ။

blank

လေ့လာတွေ့ရှိမှုအရ ဒီနေ့ခေတ်အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှုပမာဏ ၅ဝ% အထိ ပိုများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးတစ်ဖက်နဲ့အလုပ်လုပ်နေကြတဲ့၊ အိမ်မှုကိစ္စမှန်သမျှ သိမ်းကျုံးလုပ်နေရတဲ့ အသက် ၃၅ နှစ်ကနေ ၅၄ နှစ်ကြား အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုအများဆုံးလို့လည်း ကျွမ်းကျင်သူတွေက ဖော်ပြကြပါတယ်။

ယောက်ျားသားတွေနဲ့တန်းတူအခွင့်အရေးရတဲ့ခေတ်ဆိုပေမဲ့ အိမ်ထောင့်တာဝန်နဲ့ ကလေးတွေတာဝန် ကိုတော့ သိမ်းကျုံးယူနေရဆဲ မိန်းမသားအများစုဟာ စိတ်ဖိစီးမှုတွေကို ပိုခံစားရတာ အဆန်းတော့ မဟုတ်ပါ ဘူး။ အဲ့ဒါတွေကြောင့်လည်း သက်တူရွယ်တူအမျိုးသမီးနဲ့အမျိုးသားမှာဆိုရင် အမျိုးသမီးမှာ စိတ်ဖိစီး မှုပိုများ တာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးစရာအခြေအနေတွေကလည်း လွန်ခဲ့တဲ့ငါးနှစ်ကထက် ပိုမြင့်တက်လာခဲ့ပြီလို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီဂျစ်တယ်ခေတ်ကြီးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက် အလုပ်တွေ က အိမ်အထိမကြာခဏလိုက်ပါလာလေ့ရှိသလို၊ အိမ်မှာလည်း အိမ်အလုပ်တွေက တန်းစီစောင့်နေကြသေး တာပါ။ ညအိပ်ရာဝင်တဲ့အထိလည်း ဘေးမှာ ဖုန်းကို ထားအိပ်ရပါတယ်။ ဖိအားတွေများနေတဲ့အတွက် အလုပ် ချိန်ပြင်ပဘဝမှာ ပျော်ရွှင်အောင်နေဖို့တောင် ပင်ပန်းမှုတွေဖိစီးနေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အိမ်နဲ့အလုပ်ခွင်မှာရှိတဲ့ ဖိအားတွေဟာ အမျိုးသမီးတွေကို အမျိုးသားတွေထက် စိတ်ဖိစီးမှုပိုများသူ တွေဖြစ်အောင် တွန်းပို့နေကြတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

သင်ကော အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်မိန်းမသားတစ်ယောက်လား။ သင့်စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ အလုပ်နဲ့ဘဝကို ဟန်ချက်ညီအောင် ဘယ်လိုစီမံခန့်ခွဲဖြစ်နေလဲ။