ကျန်းမာပျော်ရွှင်တဲ့ဘဝဆိုတာ တစ်ပတ်လည်နေတဲ့ စက်ဝိုင်းတစ်ခုပါ။

blank

အရာရာကို အကောင်းဘက်က တွေးပါ။

ကောင်းတာတွေတွေးတာများလာရင် အစားစားရတာလည်း ပိုကောင်းလာမယ်။

စားလို့ကောင်းလာရင် လေ့ကျင့်ခန်းလည်း ပိုလုပ်နိုင်လာမယ်။

လေ့ကျင့်ခန်းပိုလုပ်နိုင်လာရင် ကျန်းမာရေးပိုကောင်းလာမယ်။

ကျန်းမာပျော်ရွှင်နေရင် အရာရာကို အကောင်းဘက်က ပိုကြည့်ပေးတတ်လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

စာချစ်သူတို့ရေ… လောကကြီးမှာ တည်ရှိနေတဲ့အရာတိုင်းဟာ အကြောင်းအကျိုးနဲ့ တည်ဆောက်ထား ကြတာပါ။ ကောင်းတဲ့အရာတွေရဖို့အတွက် ကောင်းတဲ့အရာတွေကို ကိုယ့်အမူအကျင့်တစ်ရပ်အနေနဲ့ အရင် စတင်ကြည့်ပါ။ အဲ့ဒီနောက်မှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေက အလိုအလျောက်လိုက်ပါလာမှာပါ။

သင်ကော ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။