ပျိုမေတိုင်းသိသင့်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း..

blank

စာချစ်သူ ပျိုမေတို့ရေ…။

အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာလေးတွေကတော့…

ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာ သွေးဆင်းတာ၊

ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းတာ

တင်ပဆုံနဲ့ ခါးတွေ နာကျင်ကိုက်ခဲတာ

မကြာခဏဆီးသွားတာနဲ့ ဆီးသွားတဲ့အချိန် နာကျင်တာ တို့ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဟာ စောလျဉ်စွာသိပြီး ကုသမှုခံယူရင် သက်သာနိုင်တာကြောင့် အဲ့ဒီလက္ခဏာတွေဖြစ်နေတယ်ဆိုရင် အမြန်ဆုံးစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။  ဒါ့အပြင် အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များတာ စတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးထားခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို  ကာကွယ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဟာ ပျိုဖော်ဝင်အချိန်မှာ ထိုးထားရင် အထိရောက်ဆုံးဖြစ်ပြီး အသက် (၂၆) နှစ်အရွယ်အတွင်းမှာ ထိုးရင် အသင့်တော်ဆုံးဆိုတာ သိရပါတယ်။

ပျိုမေတို့အနေနဲ့ မိမိနဲ့ နီးစပ်တဲ့အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ဝေမျှပေးလိုက်ပါဦးနော်။