လေ့ကျင့်ခန်းလုပ်နေချိန် သင့်ကိုယ်သင်ပြောသင့်တဲ့ အပြုသဘောဆောင်စကားလုံးများ

blank

၁။ ငါ့ခန္ဓာကိုယ်က သန်မာတယ်။

၂။ အားကစားလုပ်တဲ့အခါမှာ  တဒိတ်ဒိတ်ခုန်နေတဲ့ ငါ့နလုံးသားကို ချစ်တယ်။

၃။ ငါဘာမဆိုလုပ်နိုင်တယ်။

၎။ နေ့တိုင်းလိုလို ကျန်းမာတယ်လို့ ခံစားရတယ်။

၅။ ငါ့မှာ ခွန်အားတွေအပြည့်ပဲ။

၆။ ငါ့ခန္ဓာကိုယ်ကြွက်သားတွေ ပုံပေါ်လာပြီ။

၇။ ပိုပြီးကျန်းမာလာလေလေ ပိုပြီးပျော်ရွှင်လေလေပဲ။

၈။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘယ်လိုဆင်ခြေတွေကမှ ငါ့စိတ်ကို ယိမ်းယိုင်အောင် လာလုပ်လို့မရဘူး။

၉။ ငါ့ခန္ဓာကိုယ် ပိုကျန်းမာသန်စွမ်းပြီး ပိုလှလာတော့မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၁ဝ။ ဘယ်လိုလေ့ကျင့်ခန်းမဆို ငါလုပ်နိုင်ရမယ်လို့ ယုံကြည်တယ်။

၁၁။ လေ့ကျင့်ခန်းလုပ်ရတာကို အရမ်းသဘောကျတယ်။

၁၂။ အားကစားဖြစ်ဖြစ်၊ လေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်နေရတဲ့အချိန်မှာ မောပန်းပြီးချွေးထွက်လာတာကို အရမ်းကြိုက်တယ်။

၁၃။ ငါလုပ်နိုင်တယ်။ ဒါကြောင့် ငါဆက်လုပ်နေမှာပဲ။

၁၄။ မောနေပေမဲ့ ငါမရပ်ဘူး။ ဒါပေမဲ့ အဆုံးထိ လုပ်ပြီးသွားရင်တော့ ခဏနားမယ်။

၁၅။ တိုးတက်ဖို့အခွင့်အရေးတွေရှိတာကိုပဲ ငါကျေးဇူးတင်လှပြီ။

၁၆။ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ငါ့ခွန်အားတွေ ထုတ်သုံးရတာလည်း ငါသဘောကျတယ်။

၁၇။ ငါ့ကိုယ်ငါတောင် ဒီလောက်လုပ်နိုင်တာ တကယ်အံ့သြတယ်။

၁၈။ ငါ့ကိုယ်ငါ ဂုဏ်ယူတယ်။

၁၉။ ငါနဲ့ ငါချစ်ရတဲ့သူတွေအတွက် ကျန်းမာသန်စွမ်းမှု၊ ပျော်ရွှင်မှုနဲ့ အချစ်တွေကို  ရွေးချယ်ထားတယ်။

၂ဝ။ ကျန်းမာသန်စွမ်းတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ခုလိုအားထုတ်ရတာနဲ့နာကျင်ရတာတွေက အချိန်ကုန်ရကျိုးနပ်တယ်။

သင်ကော… သင့်ကိုယ်သင်ဘာလေးတွေပြောဖြစ်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။