မနက်ခင်းလမ်းလျှောက်ချိန်မှာတွေ့ရတတ်တဲ့ လူအမျိုးမျိုး

၁။ ဘေးနားကလူတွေကို ကျော်တက်ပြီး ပြေးရမှ ကျေနပ်တဲ့သူ။

၂။ သူတို့ဘယ်လောက်ပြေးပြီးပြီ၊ ဘယ်လိုတွေခရီးပေါက်နေတယ် စတာတွေကို ဖေ့စ်ဘုတ်ပေါ် တင်လိုက်၊ ပြေးလိုက် လုပ်တဲ့သူ။

၃။ ပြေးတာအပြင် ယောဂ၊ အေရိုးဗစ်တွေအားလုံးကို စိတ်ဓာတ်တက်ကြွစွာ လုပ်တတ်တဲ့ တက်ကြွသူ။

၎။ ဖြည်းဖြည်းမှန်မှန်၊ အောင်ပွဲခံဆိုတဲ့ ထုံးကို နှလုံးမူပြီး ဖြည်းဖြည်းမှန်မှန်ပြေးတတ်တဲ့သူ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်

၅။ အပြေးလေ့ကျင့်ခန်းလုပ်နေတာလား၊ အပြောလေ့ကျင့်ခန်းလုပ်နေတာလား မသဲကွဲလောက်အောင် စကားတပြောပြောနဲ့ပြေးတတ်တဲ့သူ။

၆။ ပြေးလမ်းတစ်လျှောက်မှာ တွေ့တဲ့လူအားလုံးကို မိတ်ဖွဲ့တတ်တဲ့ အပေါင်းအသင်းမက်တဲ့သူ။

၇။ ပြေးတော့မယ်ဆိုရင် နားကြပ်လေးတပ်၊ သီချင်းနားထောင်ရင်း တစ်လောကလုံးကို မေ့ထားပြီး ပြေးနေတတ်တဲ့သူ။

သင်ကော… ဘယ်ထဲမှာပါလဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။