ကျန်းမာရေးကောင်းဖို့အတွက် ဒီစကားလုံးများကို တစ်နေ့တစ်ကြိမ် ရေရွတ်ကြည့်ပါ။

blank

ငါဟာ နေ့တိုင်း၊ နေ့တိုင်း ကျန်းမာပျော်ရွှင်နေပါတယ်။

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမို့လို့ ကျန်းမာရေးလိုက်စားခြင်းနဲ့ ပတ်သက်ပြီးတော့ ငါ့မှာ ဆင်ခြေပေးဖို့ အချိန်မရှိဘူး။ အလှတရားဆိုတာ ကျန်းမာရေးကောင်းခြင်းနဲ့ ဆက်စပ်နေတာကိုလည်း ငါယုံကြည်တယ်။

ငါ့အနေနဲ့ ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ အာဟာရဖြစ်စေတဲ့အစားအသောက်နဲ့ အသီးအနှံတွေကိုပဲ စားသုံးတယ်။

ရေများများသောက်ရတာ ကြိုက်တယ်။  အိပ်ရေးဝဝအိပ်စက်ရတာ ကြိုက်တယ်။

လေ့ကျင့်ခန်းလုပ်ရတာကို သဘောကျတယ်။

ကြုံလာတဲ့ စိတ်ဖိစီးမှုတွေကို ငါအကောင်းဆုံးကျော်ဖြတ်နိုင်တယ်။ သောကကင်းဝေးအောင် စိတ်ဖိစီးမှုနည်းနိုင်သမျှ နည်းအောင် ငါနေတယ်။ စိတ်ဖိစီးမှုတွေကိုလည်း အားကစားလုပ်ရင်းထွက်လာတဲ့ ချွေးတွေကနေ တစ်ဆင့် ထုတ်ပစ်လိုက်တယ်။

ငါက အနာရောဂါကင်းဝေးတယ်။ ကြည်လင်တောက်ပတဲ့ အသားအရေတွေရှိတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ပြီးတော့ ကျန်းမာအောင် လုပ်ဆောင်နိုင်သေးတဲ့ အခွင့်အရေးနဲ့ အချိန်တွေရှိနေသေးတဲ့အတွက် ငါ့ကိုယ်ငါလည်း ကျေးဇူးတင်ရမယ်။

ရှေ့ဆက်ပြီးတော့လည်း အသက်ရှင်နေတဲ့ကာလတစ်လျှောက်လုံးမှာ ဆက်ပြီးကျန်းမာသန်စွမ်းသွားဖို့ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ပါမယ်။

ကျန်းမာခြင်းရဲ့စွမ်းအားတွေက ငါ့သွေးထဲမှာ လည်ပတ်စီးဆင်းနေပါတယ်။

ငါ့ခန္ဓာကိုယ်က ငါ့အတွက်တော့ အကောင်းဆုံးလို့ ခံယူထားပါတယ်။

အရာရာတိုင်းထက် ငါ့ရဲ့ကျန်းမာရေးက တန်ဖိုးကြီးမားတာကြောင့် နေ့စဉ်နေ့တိုင်း ကျန်းမာရေးကို ဂရုစိုက်နေပါတယ်။

သင်ကော… ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်လှုံ့ဆော်ဖို့ ပြောတဲ့ စကားလေးတွေ ရှိလား။ မျှဝေပေးခဲ့ပါဦး။