လေ့လာတွေ့ရှိမှုအရ COVID-19 ကို ခုခံနိုင်မှုအားအနည်းဆုံး သွေးအမျိုးအစားဆိုတာ…

asian doctor holding a test tube blood sample of coronavirus wearing lab coat, white face mask, and blue nitrile gloves for protection against contagious virus infection, isolated grey background

မကြာသေးခင်ကပဲ လေ့လာတွေ့ရှိမှုအရ အေသွေးပိုင်ရှင်တွေဟာ အိုသွေးသမားတွေထက် ကိုဗစ်ရော ဂါကို ခုခံနိုင်စွမ်းအားနည်းကြတယ်လို့ ဆိုထားပါတယ်။ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာတွေရဲ့ သွေးအမျိုးအစားတွေကို အရင်ဆုံးလေ့လာပြီး တွေ့ရှိခဲ့ကြတာပါ။
သုတေသီအဖွဲ့ဟာ တရုတ်နိုင်ငံ ရှန်ကျန်းနဲ့ ဝူဟန်မှာရှိတဲ့ ကူးစက်ခံလူနာ ၂ ထောင်ကျော်ရဲ့ သွေး အမျိုးအစားကို လေ့လာပြီး ဆုံးဖြတ်ခဲ့ကြတာပါ။ အေသွေးပိုင်ရှင်တွေဟာ အိုသွေးပိုင်ရှင်တွေထက် ပိုကူးစက်ခံ နိုင်ခြေများသလို ရောဂါလက္ခဏာလည်း ပိုပြင်းထန်ပါတယ်။

ကူးစက်ခံလူနာ ၂ဝ၆ ဦးအနက် ၈၅ ဦးက အေသွေးပိုင်ရှင်တွေဖြစ်ပြီး ဖြစ်ပွားမှုနှုန်းအရလည်း ၆၃% ပိုတာကို တွေ့ရှိခဲ့ကြတာပါ။ ရောဂါလက္ခဏာရပ်အားဖြင့်လည်း ပိုရှုပ်ထွေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တိကျတဲ့ ရလဒ်ကို ဖော်ပြနိုင်ဖို့တော့ ဆက်လက်လေ့လာနေကြဆဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သုတေသီတွေအနေနဲ့ ကူးစက်မှုနှုန်းကိုထိန်းချုပ်ဖို့အတွက် ခိုင်မာတဲ့တစ်ကိုယ်ရည် ကာကွယ်မှုတွေပြုလုပ်ကြဖို့ အေသွေးပိုင်ရှင်တွေကို အကြံပြုထားကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့ ဒါဟာ အေသွေးမဟုတ်တဲ့ တခြားသွေးအမျိုးအစားတွေအနေနဲ့ လုံခြုံမှုရှိတယ်လို့ ဆိုလိုတာ တော့ မဟုတ်ပါဘူး။ ဘယ်သွေးအမျိုးအစားဖြစ်ဖြစ် သက်ဆိုင်ရာအစိုးရကျန်းမာရေးဌာနတွေရဲ့ ညွှန်ကြားချက် တွေကို တိတိကျကျလိုက်နာဖို့လည်း သတိပေးထားကြပါတယ်။

ဒီနေ့ကူးစက်မှုနှုန်းအမြင့်မားဆုံးဆိုရမယ့် အမေရိကန်မှာဆိုရင် လူဦးရေရဲ့ ၄၁% က အေသွေးပိုင်ရှင် တွေဖြစ်ပြီး အိုသွေးတွေက ၄၄% ရှိပါတယ်။ တရုတ်မှာတော့ ကူးစက်မှုတွေ ကျဆင်းသွားပါပြီ။ ဒါပေမဲ့ ကမ္ဘာမှာ တော့ ကူးစက်မှုနှုန်းတိုးနေဆဲဖြစ်ပါတယ်။ တရုတ်ပြည်က ကူးစက်မှုအခြေအနေဟာ လူဦးရေရဲ့ ၂.၃ % ရှိခဲ့ပြီး အသက် ၈ဝ ကျော်လူကြီးတွေကြား ကူးစက်မှုနှုန်းက ၁၅% အထိတိုးမြင့်ခဲ့ပါတယ်။

သေချာတာကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်အရွယ်မရွေး၊ လူကြီးလူငယ်ကျားမမရွေး၊ သွေးအ မျိုးအစားမရွေးကူးစက်နေတာ မျက်မြင်ကိုယ်တွေ့မို့ အားလုံးသတိထားကြတာမမှားပါဘူး။
အထူးသဖြင့် သင့်သူငယ်ချင်းတွေထဲမှာ အေသွေးပိုင်ရှင်လေးတွေပါနေရင် သတိထားနိုင်အောင် ဒီ စာစောင်လေး SHARE ပြီး မျှဝေပေးလိုက်ပါဦးနော်။