အမျိုးသမီးတွေက အမျိုးသားတွေထက် ဝိတ်ကျဖို့ပိုခက်ရတဲ့ အကြောင်းရင်း ၃ ခု

သင်က ယောက်ျားလေးသူငယ်ချင်း၊ ဒါမှမဟုတ် ခင်ပွန်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်နဲ့ အတူတူ အားကစားလုပ်ရင်း ဝိတ်ချနေသူဆိုရင် အတူကြိုးစားပါလျက် သင်က ဝိတ်ကျဖို့ပိုခက်နေတယ်ဆိုရင် အံ့သြနေမိမှာပါ။ တကယ်တော့ ဒီလိုဖြစ်တာဟာ အကြောင်းရင်း ၃ ချက်ကြောင့် ဖြစ်နိုင်ပါတယ်။

၁။ ဇီဝဖြစ်ပျက်မှု (Metabolism)

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ဟာ သဘာဝအားဖြင့်ကိုက ယောက်ျားသားတွေထက် နာရီ အ နည်းငယ် ပိုနှေးကွေးပါတယ်။ ဒါကြောင့် ဝိတ်ချတာချင်းအတူတူ အမျိုးသားတွေက ဝိတ်ပိုကျလွယ်တာ ဖြစ်ပါ တယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ အဆီပါဝင်မှုပိုမြင့်မားပြီး ကြွက်သားထုထည် ကျတော့ ပိုနိမ့်ပါတယ်။ ဒါဟာ တစ်နေ့တာလုံးမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် စွမ်းအင်အသုံးပြု မှုလည်း ပိုနည်းသွားစေမှုကို ဖြစ်စေပါတယ်။ ကြွက်သားတွေ ပိုသန်မာအောင် တည်ဆောက်ခြင်းအားဖြင့် ဇီဝဖြစ်ပျက်မှုနှုန်းကို မြင့်တက်လာအောင် ပြုလုပ်နိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၂။ သိုင်းရွိုက်ပြဿနာ (Thyroid Issues)

သိုင်းရွိုက်မှာ ပြဿနာတွေရှိနေခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏနဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို ထိခိုက် စေသလို ဝိတ်မကျအောင်လည်း ဟန့်တားထားပါတယ်။ သင်က ဝိတ်ကျအောင် ကြိုးစားနေပေမဲ့ မကျဘဲ၊ ဘာ ကြောင့်မှန်းလည်း အဖြေရှာမရဘူးဆိုရင် သိုင်းရွိုက်ပြဿနာနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ပြသဆွေးနွေး သင့်ပါတယ်။

၃။ သန္ဓေတားခြင်း

သန္ဓေတားဆေးတွေရဲ့ အကြီးမားဆုံးဘေးထွက်ဆိုးကျိုးကတော့ ဝိတ်တက်တာပါပဲ။ ပြီးတော့ တက် လာတဲ့ ဝိတ်ကို ပြန်ချဖို့လည်း ခက်ခဲပါတယ်။ သင်က သန္ဓေတားဆေးမှီဝဲနေတဲ့ အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်ဆိုရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဝိတ်တက်ခြင်းကို ရှောင်လွှဲဖို့ လေ့ကျင့်ခန်းပါ တွဲလုပ်ဖို့ အကြံပြုလိုက်ပါတယ်။

တခြားသူတွေအတွက်လည်း ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။