ကိုယ့်မှာ Coronavirus ရောဂါ လက္ခဏာတွေ ပြလာခဲ့ရင် ဘယ်လိုဆက်လုပ်သင့်လဲ။

blank

ကိုယ်အပူချိန်တွေ မြင့်နေရင်၊ ချောင်းတွေအဆက်မပြတ်ဆိုးနေရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေကို ချက်ချင်းမသွားသေးဘဲ ၇ရက်ခန့် အိမ်မှာ တခြားသူတွေနဲ့ နီးနီးကပ်ကပ်မထိတွေ့ဘဲ တစ်ယောက်တည်း (self-isolation) သီးခြားနေပြီး ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်ပါ။

အဲ့ ၇ရက်အတွင်း ကောင်းစွာ အနားယူပါ။ ရေဓာတ်ခမ်းခြောက်မှုမရှိအောင် ရေများများသောက်ပါ။ အဝါဖျော့ဖျော့အရောင် သို့ အကြည်ရောင်ရှိတဲ့ ဆီးသွားတဲ့အထိ ရေ လုံလောက်စွာ သောက်သုံးပါ။ ကိုယ်အပူချိန် ကျသွားစေရန် ပါရာစီတမော သောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်လို့ ၇ရက် ကြာပြီးနောက် ကိုယ်အပူချိန်ကျသွားပြီဆိုရင် ပုံမှန်အတိုင်း ပြန်နေလို့ရပါတယ်။ ကိုယ်မပူတော့ဘဲ ချောင်း ဆက်ဆိုးနေသေးရင် self-isolation ဆက်လုပ်စရာ မလိုပါဘူး။ ပုံမှန်အအေးမိ ချောင်းဆိုတာတောင် ရက်သတ္တပတ်များစွာ ကြာနိုင်တဲ့အတွက် ချောင်းဆိုးနေသေးတဲ့အတွက်ကြောင့်ပါ။ ၇ရက်ကြာပြီး ကိုယ်အပူချိန်တွေ မကျခဲ့ဘူးဆိုရင် self-isolation ကို ဆက်လုပ်ပါ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဖုန်းဆက်အကြောင်းကြားထားပါ။