Mask ကို ဘယ်အချိန်မှာ အသုံးပြုသင့်လဲ။

blank

ဒီနေ့ လူတိုင်းနားစွင့်နေကြရတဲ့ သတင်းလို့ပြောလိုက်ရင် ကမ္ဘာနဲ့အဝှမ်းတဖြည်းဖြည်းကူးစက်ပျံ့နှံ့ နေ တဲ့ ကိုရိုနာဗိုင်းရပ်စ် (Coronavirus) အကြောင်းကို တွေးမိလိုက်ကြမှာပါ။ တဖြည်းဖြည်းနဲ့ကို လူတွေကြားထဲ၊ တခြားနိုင်ငံတွေအထိ စိမ့်ဝင်ပျံ့နှံ့ရောက်ရှိလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေကြားသွားမယ်ဆို တတ်နိုင် သမျှ အကာအကွယ် မျက်နှာဖုံးတွေ တပ်ဆင်လာနေကြတာကိုလည်း အားလုံးသတိပြုမိကြမှာပါ။

ဒါကြောင့် အဲ့ဒီမျက်နှာဖုံး (mask ) ကို ဘယ်အချိန်တွေမှာ အသုံးပြုသင့်လဲ။ ထိရောက်အောင် ဘယ်လို အသုံးပြုသင့်လဲဆိုတာနဲ့ပတ်သက်ပြီး သိမှတ်ဖွယ်ရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

လူအများစုကတော့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူတွေနဲ့ မတော်တဆဆုံမိမှာစိုးတဲ့အတွက် လူထူထူ ကြား သွားလာတဲ့အခါ mask ကို အသုံးပြုကြတာပါ။ တကယ်တော့ ကိုယ်တိုင်နှာစေး၊ ချောင်းဆိုးနေရင်လည်း mask ကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါဟာ mask အသုံးပြုရုံတစ်ခုတည်းနဲ့လည်း အကာအ ကွယ် မလုံလောက်ပါဘူး။ အယ်လ်ကိုဟောအခြေခံပြီး ထုတ်လုပ်ထားတဲ့ လက်ဆေးဆပ်ပြာနဲ့ လက်ကို မကြာ ခဏဆေးကြောပေးမှ အကာအကွယ်က ထိရောက်မှာပါ။ ပြီးတော့ mask ကို အသုံးပြုတော့မယ်ဆိုရင် မှန်ကန် စွာအသုံးပြုတတ်ဖို့လည်း လိုပါသေးတယ်။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်တိုင်က mask ကို မှန်ကန်စွာ အသုံးပြုတတ်ပြီဆိုရင် ကိုယ်သိထားတဲ့ သိမှတ်စရာအချက်လေးတွေကို တခြားသူတွေကိုလည်း ပြန်မျှဝေပေး ဖို့ပါပဲ။

သင်ကော mask ကို မှန်ကန်စွာအသုံးပြုနေပြီလား။