သင့်ကို Coronavirus ကူးစက်စေနိုင်တဲ့အကြောင်းရင်းတွေထဲမှာ သင့်ဖုန်းလည်း ပါပါတယ်။

စာချစ်သူတို့ရေ…

Coronavirus ကူးစက်ပျံ့နှံ့နေမှုကို ရပ်တန့်ဖို့ဆိုရင် စမတ်ဖုန်းအသုံးပြုသူများအနေနဲ့ မိမိတို့ ဖုန်းစက ရင်မ်ကို အယ်လ်ကိုဟောပါတဲ့အဝတ်စနဲ့ တစ်ရက်ကို အနည်းဆုံးနှစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးသင့်တယ်လို့ ပညာရှင်တွေက သတိပေးထားကြပါတယ်။ သူတို့အဆိုအရ ပိုးမွှားတွေဟာ သေချာသန့်ရှင်းရေးမလုပ်တဲ့ ဖုန်း မျက်နှာပြင်ပေါ်မှာ အနည်းဆုံးနှစ်ပတ်ခန့်ရှင်သန်နိုင်ကြတယ်လို့ သိရပါတယ်။ တောင်အာဖရိကတက္ကသိုလ် တစ်ခုက ပရော်ဖက်ဆာဝီလျံကီဗယ် (William Keevil) က “ သင်တို့လက်တွေကို ဆေးလိမ့်မယ်။ ဒါပေမဲ့ ညစ်ပေနေတဲ့ ဖုန်းကို ပြန်ကိုင်တဲ့အခါ၊ အဲ့ဒီလက်နဲ့ မျက်နှာကို ပြန်ကိုင်တွယ်ရင် အဲ့ဒါဟာ ကူးစက်ရောဂါ ဝင်ရောက်စေနိုင်တာပါပဲ” လို့ ပြောပါတယ်။ ဝါတာလူး (Waterloo) တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာပီတာ ဟောလ်(Peter Hall) ကလည်း လူတွေကို နေ့လယ်စာစားချိန်တစ်ချိန်၊ ညစာစားချိန်တစ်ကြိမ် သူတို့ဖုန်းတွေ ကို သန့်ရှင်းရေးလုပ်ဖို့ တိုက်တွန်းထားပါတယ်။ နောက်ထပ်လေ့လာတွေ့ရှိမှုတစ်ခုအရကတော့ လူတွေဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို အကြိမ်ရေ ၂၆ဝဝ ခန့်ကောက်ကိုင်တတ်ကြပြီး ၇၆ ကြိမ်ဝန်းကျင်ခန့် အသုံးပြုလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကမ္ဘာကျော် Apple ကုမ္ပဏီကြီးကတော့ ဖုန်းမျက်နှာပြင်ကို ဆပ်ပြာရည်၊ ဖိုင်ဘာအဝတ်တို့နဲ့ ဆေး ကြောဖို့  အကြံပြုထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ အယ်လ်ကိုဟောနဲ့ဆေးတာက ဗိုင်း ရပ်စ်တွေကို ပိုသေစေတယ်လို့ ပြောပါတယ်။ နောက်ထပ်ပရော်ဖက်ဆာတစ်ယောက်ကတော့       “ နှာချေခြင်း၊ ချောင်းဆိုးခြင်းနဲ့ တခြားသောအသက်ရှူခြင်းတွေကြောင့် ဖုန်းမျက်နှာပြင်ဟာ ကူးစက်ရောဂါဖြစ်ဖို့ လမ်း ကြောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ Coronavirus ဖြစ်နိုင်ခြေက လူလူချင်းကူးစက်တာထက် တော့ ပိုနည်းပါ တယ်” လို့  ဆိုပါတယ်။ ကျန်းမာရေးအရာရှိတွေကတော့ “လူထုအနေနဲ့ သူတို့လက်တွေကို မှန်မှန်ဆေးကြောတာမျိုးလုပ်ရင် လုံလောက်ပါတယ်။ လက်ဆေးချိန်ဟာ အနည်းဆုံး Happy birthday သီ ချင်းနှစ်ကြိမ်ဆိုတာလောက်  ကြာသင့်တယ်။ ဒါပေမဲ့ ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှုတွေရှိနေလင့်ကစား ၅၄% သော လူတွေကတော့ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ လုံးဝမစတင်သေးဘူး ” လို့ ဆိုထားကြပါတယ်။

သင်ကော သင့်ဖုန်းကို တစ်ရက်ဘယ်နှကြိမ်လောက်သန့်ရှင်းရေးလုပ်လေ့ရှိသူလဲ။