Coronavirus ကူးစက်ပြန့်ပွားနေစဉ်ကာလမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင်မလဲ။

blank

Coronavirus ပြန့်ပွားနေစဉ်ကာလမှာ ရောဂါပိုးကူးစက်မခံရအောင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းအောင် တည်ဆောက်ထားသင့်ပါတယ်။ ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ ဒီကာလမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်နည်းအသွယ်သွယ်ကို ဂန္ထဝင်က တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဦးနှောက်နဲ့ ကိုယ်ခန္ဓာအတွက် ရေဓာတ်အမြဲဖြည့်ပေးပါ။

၂။ အရက်မသောက်ပါနဲ့။ ခန္ဓာကိုယ်မှာ Alcohol ပမာဏများတာဟာ ကိုယ်ခံစွမ်းအားစနစ်ကို လျော့နည်းစေပါတယ်။

၃။ အိပ်ရေးဝဝအိပ်စက်ပါ။

၎။ Probiotics ကြွယ်ဝတဲ့ ကင်မ်ချီ၊ မုန့်ညှင်းချဉ်၊ မုန်လာချဉ် အစရှိတဲ့ အချဉ်ဖောက်အစားအစာတွေကို စားသုံးပေးပါ။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်လာစေဖို့ အားရှိတဲ့ ဒိန်ချဉ်များများ သောက်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အသီးအနှံတွေကို အရောင်စုံအောင် စားသုံးပေးပါ။

၆။ မှိုများများစားပေးပါ။

၇။ ကြက်သွန်ဖြူ များများစားပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ T-cells ဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်ပါတယ်။

၈။ Vitamin-D Level  မြှင့်မားအောင်လုပ်ပါ။

၉။ Zinc ဓာတ်ကြွယ်ဝတဲ့ ခရု၊ ကမာ၊ ကညွှတ်၊ ဟင်းနုနွယ်ရွက်နဲ့ ဖရုံစေ့ များများစားသုံးပေးပါ။ Zinc ဓာတ်ဟာ ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူဖြစ်ပြီး ရောဂါပိုးကို ခုခံကာကွယ်နိုင်စွမ်းရှိပါတယ်။

၁ဝ။ လွယ်လွယ်နဲ့ အဖျားမဝင်အောင်၊ ကိုယ်ခံအားကောင်းအောင် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

အသိမိတ်ဆွေတွေ Virus ကူးစက်ခြင်းမခံရအောင် SHARE ပေးခြင်းဖြင့် အကျိုးပြုလိုက်ပါနော်။