ရာသီစက်ဝန်းဖြစ်ပေါ်နေစဉ်မှာ ကိုယ့်ကိုယ်ကိုယ်ဒီလိုလေးဂရုစိုက်ပေးပါ။

၁။ အနားယူပါ။

ဒီလိုအချိန်မှာ သားအိမ်ထဲကနေ အရိအရွဲတွေ ကွာကျတဲ့အချိန်ုဖြစ်တာကြောင့် အားအင်ကုန်ခမ်းနေတတ်ပါတယ်။ ဖြစ်နိုင်ရင် ရာသီသွေးစဆင်းတဲ့ ပထမရက်မှာ အလုပ်ကနေ ခွင့်တစ်ရက်ယူပြီး အပြည့်အဝအနားယူပါ။

၂။ တရားထိုင်ပါ။

ရာသီသွေးဆင်းနေတဲ့အချိန်ဟာ စိတ်အတက်အကျမြန်တတ်တာကြောင့် အဲ့ဒါကို ထိန်းချုပ်ဖို့အတွက် တရားထိုင်ပါ။

၃။ အိပ်ရေးဝဝအိပ်အိပ်ပါ။

ရာသီသွေးဆင်းနေတဲ့အချိန်တွေမှာ အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။ ညအချိန် စောစောအိပ်ရာဝင်ပြီး မနက်ကို နောက်ကျမှထပါ။

၎။ စိတ်အေးချမ်းသာစွာနေပါ။

တစ်လတာအတွင်း သင်လက်လွှတ်ချင်နေတဲ့ အပျက်သဘောဆောင်တဲ့အတွေးတွေကို ရာသီသွေးနဲ့အတူ လိုက်ပါစီးဆင်းသွားပါစေ။

၅။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လစဉ်သုံးပစ္စည်းတွေကို အသုံးပြုပါ။

အဆိပ်အတောက်မဖြစ်စေတဲ့ သဘာဝ ဝါဂွမ်းနုနုလေးတွေကို သုံးပြီးထုတ်လုပ်ထားတဲ့ pad မျိုးကို အသုံးပြုပါ။ ဒါမှမဟုတ် Menstrual cup ကို အသုံးပြုပါ။

၆။ စီစဉ်သုံးသပ်ပါ။

ပြီးပြည့်စုံတဲ့ ရာသီစက်ဝန်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ရာသီသွေးမဆင်းခင်ကတည်းက ကြိုတင်စီစဉ်ထားပါ။ ရာသီစက်ဝန်း ဖြစ်ပေါ်နေစဉ်အတောအတွင်း နေ့စဉ်နေ့တိုင်း အပြည့်အဝအနားယူနိုင်ဖို့ ကြိုတင် အချိန်ဇယားဆွဲထားပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၇။ နွေးထွေးတဲ့ အစားအစာတွေကို စားသုံးပါ။

အအေးစာတွေ၊ အစိမ်းစာတွေကိုရှောင်ပါ။ စွပ်ပြုတ်ပူပူနွေးနွေးလေးတွေ၊ ဆန်လုံးညို၊ တာရှည်ခံဆေးမပါတဲ့ အသားတွေ၊ ကြက်ဥ၊ ပဲနဲ့ ဟင်းနုနယ်ရွက် အစရှိတဲ့ နွေးထွေးပြီး အာဟာရရှိစေတဲ့ အစားအစာတွေကို စားသုံးပေးပါ။

၈။ လေ့ကျင့်ခန်းလုပ်ပါ။

ပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်တာမျိုးတွေ ရှောင်ကြဉ်ပါ။ ယောဂကျင့်တာမျိုး ဒါမှမဟုတ် လမ်းဖြည်းဖြည်းလျှောက်တာမျိုးတွေ လုပ်ပေးပါ။

၉။ လိုအပ်တဲ့ဆေးဝါးတွေကို သောက်သုံးပါ။

သဘာဝဆေးမြစ်တွေကို နှပ်ထားပြီး ဆေးဝါးအဖြစ် မှီဝဲသောက်သုံးပါ။ ဒါမှမဟုတ် Herbal tea သောက်သုံးပါ။

၁ဝ။ အနှိပ်ခံပါ။

ရာသီလာချိန်မှာ သက်တောင့်သက်သာဖြစ်နေစေဖို့ ရာသီသွေးမဆင်းခင် ရက်ပိုင်းတွေမှာ Spa သွားပြီး အနှိပ်ခံတာမျိုးတွေလုပ်သင့်ပါတယ်။

ရာသီသွေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို သူငယ်ချင်းတွေသိရှိနိုင်ဖို့ SHARE ပေးခြင်းဖြင့် အကျိုးပြုလိုက်ပါနော်။