ရေနွေးနဲ့ ရေချိုးခြင်းက Coronavirus ကူးစက်တာမခံရအောင် ကာကွယ်တားဆီးပေးသလား။

blank

ရေနွေးနဲ့ ရေချိုးခြင်းက Coronavirus ကူးစက်တာမခံရအောင် ကာကွယ်တားဆီးပေးခြင်းမရှိပါဘူး။

ရေပူနဲ့ချိုးချိုး ရေအေးနဲ့ချိုးချိုး ရေချိုးပြီးသွားရင် လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ 36.5.C နဲ့ 37.C အလိုလိုပြန်ဖြစ်သွားပါတယ်။ ဒါကြောင့် ရေပူနဲ့ ရေချိုးပေးတာက အကျိုးသက်ရောက်မှုမရှိပါဘူး။ ဒါ့အပြင် အရေပြားကို ပူလောင်ပျက်စီးစေတာကြောင့် ဒီနည်းလမ်းကို မကျင့်သုံးကြဖို့ တိုက်တွန်းပြောကြားပါရစေ။

Coronavirus ကူးစက်ခံရခြင်းကနေ ကာကွယ်တားဆီးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လက်ကို မကြာခဏ ဆေးကြောသန့်စင်ပေးတာပါပဲ။

ဗိုင်းရပ်စ်ပိုးကူးစက်ဖို့ အနီးစပ်ဆုံးဖြစ်တဲ့ လက်ကို ဆေးကြောသန့်စင်ပေးခြင်းအားဖြင့် လက်နဲ့ မကြာခဏထိတွေ့ကိုင်တွယ်လေ့ရှိတဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် တွေကို ရောဂါပိုးအလွယ်တကူဝင်ရောက်ခြင်းတွေ ဖြစ်ပေါ်စေတော့မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။