COVID-19 နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့အချက် ၅ ချက်

blank

ယနေ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံတချို့ဆီအထိပါ ပျံ့နှံ့ကူးစက်လျက်ရှိနေပါပြီ။ ဒါကြောင့် ကူး စက်လာနိုင်ခြေတွေကို လျှော့ချဖို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကာကွယ်မှုတွေက အ လွန် အရေးကြီးနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီလိုမှန်ကန်ထိရောက်အောင်ကာကွယ်ဖို့ဆိုရင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီရရှိနေဖို့လည်း လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတာ တွေကတော့ နယူးဒေလီက စုစည်းထားပေးတဲ့ Coronavirus နဲ့ ပတ်သက်တဲ့ နောက်ဆုံးရအချက်တွေပဲ ဖြစ်ပါ တယ်။

၁။ Coronavirus ဟာ နောက်နှစ်အထိ ဆက်လက်ပျံ့နှံ့နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ရောဂါထိန်းချုပ်ရေးစင်တာ(CDC) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Nancy Messonnier က လူအများအ ပြားဟာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပြီး အများစုက ရောဂါပြင်းထန်မှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ပြီးတော့ တရုတ် ပြည်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေရဲ့ ၈ဝ% ဟာ အဆိုးဆုံးအခြေအနေမဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပျံ့နှံ့မှုလျော့ကျသွား အောင်လည်း အများကြီးအားထုတ်လုပ်ကိုင်နေကြပါတယ်။ အခုအချိန်ဟာ ကြိုတင်ကာကွယ်ကြရမယ့်အချိန် ပါပဲ။

၂။ Coronavirus ကူးစက်ခံထားရသူအရေအတွက်နဲ့ ပြန်လည်ကျန်းမာလာသူများ။
  • အစီရင်ခံစာအရ Coronavirus ကူးစက်သူပေါင်း ၁၁၆၅၅၈ ဦးရှိပါတယ်။
  • ကမ္ဘာအဝှမ်းကူးစက်ခံထားရသူတွေထဲက ပြန်လည်သက်သာလာသူတွေကတော့ ၆၂၄၉၆ ဦးဖြစ်ပါ တယ်။
၃။ မျက်နှာတွေကို လက်နဲ့မထိတွေ့မကိုင်တွယ်မိအောင် သတိထားသင့်ပါတယ်။

သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးမှာရှိတဲ့ ပညာရှင်တွေက ကျောင်းသားတွေစာသင်နေချိန်အတွင်း ကင်မရာတစ်လုံးတပ်ဆင်ပြီး စောင့်ကြည့်ကြရာမှာ ကျောင်းသားတွေဟာ သူ တို့ရဲ့မျက်နှာတွေကို တစ်နာရီမှာ ပျမ်းမျှ ၂၃ ကြိမ်ခန့် အမှုမဲ့အမှတ်မဲ့ထိတွေ့ကိုင်တွယ်ကြတာကို တွေ့ခဲ့ရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၎။  အတိတ်က ကပ်ရောဂါအချက်အလက်တွေဟာ လက်ရှိ Coronavirus ကိုတိုက်ထုတ်ဖို့ တစ်ခုတည်းသော ကူ ညီနိုင်တဲ့အရာမဟုတ်ပါဘူး။

နောက်ထပ်ပေါ်လာတဲ့ ကပ်ရောဂါအသစ်တွေဟာ အရင်ကဖြစ်ခဲ့ဖူးတဲ့ ကပ်ရောဂါတွေနဲ့ ချွတ်စွတ်မတူ နိုင်ပါဘူး။ ဒါကြောင့် လူတွေအနေနဲ့ လက်ရှိကပ်ရောဂါဟာ အရင်ဖြစ်ပွားတဲ့ကပ်ရောဂါတွေနဲ့ တူညီတာတွေရှာ ဖွေရင်း စုံလုံးမှိတ်မယုံကြည်ဖို့ လိုအပ်ပါတယ်။

၅။ ဗိုင်းရပ်စ်သတ်ဖို့ ဘယ်နည်းလမ်းတွေက မှန်ကန်ပြီး၊ ဘယ်နည်းလမ်းတွေက မှားယွင်းနေလဲ။

တချို့တွေက အယ်လ်ကိုဟောပါဝင်တဲ့ လက်ဆေးဆပ်ပြာတွေ၊ ဖျန်းဆေးတွေဟာ ခန္ဓာကိုယ်အနှံ့က Coronavirus တွေကို သတ်နိုင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ လက်ဆေးဆပ်ပြာတွေ၊ ပိုးသတ်ဆေး တွေအားလုံးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်နေပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်တွေကို မသတ်ပေးနိုင်ပါဘူး။ ဖျန်းဆေးလို ပိုးသတ်ဆေးတွေကလည်း အဝတ်အစားနဲ့ ပါးစပ်၊ မျက်လုံးတို့ကို ထိရင် အန္တရာယ်ရှိပါတယ်။ ပိုးသတ်ဖို့အသုံး ဝင်ပေမဲ့ သင့်တော်တဲ့လမ်းညွှန်မှုအောက်မှာသာ အသုံးပြုတာအကောင်းဆုံးပါပဲ။

Coronavirus ကာကွယ်ဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။