သင့်ကျန်းမာရေးအတွက် တစ်သက်စာစွန့်လွှတ်ပစ်လိုက်သင့်တဲ့ နံနက်ခင်းအမူအကျင့်များ

blank
၁။ နံနက်ခင်းရေမချိုးတဲ့အကျင့်

နံနက်ခင်းမှာ ရေချိုးခြင်းက ဦးနှောက်ကို လန်းဆန်းစေပြီး ပြင်ပအရာတွေကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်ရတာတွေကို လျော့နည်းစေပါတယ်။ ပြဿနာကို ပိုကောင်းအောင်ဖြေရှင်းနိုင်ပြီး စိတ်ကူးသစ်တွေ လည်း ရရှိစေပါတယ်။

၂။ ရေနွေးနဲ့ချိုးတဲ့အကျင့်

ရေနွေးက လူကို သက်တောင့်သက်သာဖြစ်စေတာမှန်ပါတယ်။ ဒါပေမဲ့ နံနက်ခင်းမှာ ရေနွေးနွေးနဲ့ ရေချိုးလိုက်ခြင်းက သင့်ကို အိပ်ရာထဲ ပြန်ဝင်အိပ်ချင်စိတ်ကို ဖြစ်ပေါ်သွားစေမှာပါ။ ရေအေးနဲ့ ချိုးတာကတော့ သင့်ကို လန်းဆန်းစေပြီး ဦးနှောက်နဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း လုပ်ဆောင်မှုအားပိုကောင်းစေပါတယ်။

၃။ ဖုန်းအကြာကြီးကြည့်တတ်တဲ့အကျင့်

လူအများစုဟာ အိပ်ရာကနိုးပြီဆိုတာနဲ့ ဖုန်းအရင်ကောက်ကိုင်တတ်ကြပါတယ်။ သင့်အချိန်တွေ အလဟဿမကုန်ဆုံးဖို့ဆိုရင် နံနက်စောစောမှာ ဖုန်းကြည့်ရင်တောင် တခြားသူတွေအကြောင်းတွေ လျှောက် မကြည့်ပါနဲ့။ သင့်မက်ဆေ့ခ်ျစစ်တာမျိုးတွေသာပြုလုပ်သင့်ပါတယ်။

၎။ ဝတ်စရာရွေးရင်း အချိန်ကုန်တတ်တဲ့အကျင့်

နံနက်တိုင်း အဝတ်အစားရွေးရင်း အချိန်ကုန်နေလား။ သင့်ရွေးချယ်မှုပိုလွယ်ကူစေချင်ရင် မတော်တော့ တဲ့အဝတ်အစားတွေ၊ မဝတ်ဖြစ်တော့တာတွေကို သူများကိုပေးလိုက်ပါ။ သင့်အဝတ်ဗီရိုရှင်းလင်းပြီး ရွေးရလည်း ပိုလွယ်ကူသွားပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ အချိုများများစားတတ်တဲ့အကျင့်

နံနက်ခင်းမှာ အချိုဓာတ်တွေအများကြီးစားခြင်း သွေးထဲကို အင်ဆူလင်တွေဖြည့်သွင်းလိုက်သလိုပါပဲ။ ရလဒ်အနေနဲ့ လေးလံထိုင်းမှိုင်းပြီး ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်စေပါတယ်။

၆။ အစားစားပြီးပြီးချင်း သွားတိုက်တတ်တဲ့အကျင့်

စားပြီးပြီးချင်း သွားတိုက်တာက သွားကြွေလွှာကို ထိခိုက်စေပါတယ်။ အထူးသဖြင့် အသီးတွေ၊ အချဉ် သီးတွေ၊ ဆိုဒါတွေ စားသောက်ထားရင် ပိုဆိုးပါတယ်။ အဲ့ဒီလိုလုပ်မယ့်အစား ရေနဲ့အာလုတ်ကျင်းတာ၊ သွား ကြားထိုးကြိုးအသုံးပြုတာမျိုးပြုလုပ်ပါ။ စားပြီး အနည်းဆုံး မိနစ် ၃ဝ ကြာမှ သွားတိုက်ပါ။

၇။ ဘလက်ကော်ဖီသောက်တဲ့အကျင့်

အိပ်ရာနိုးနိုးချင်း ဘလက်ကော်ဖီသောက်ခြင်းက စိုးရိမ်ပူပန်မှုဆီဦးတည်နိုင်တဲ့ ကော်တီစောလ် (cortisol) ပမာဏမြင့်မားမှုကို ဖြစ်ပေါ်စေပါတယ်။ ဗိုက်ဆာနေချိန်မှာ ကော်ဖီသောက်ရင်  အစာအိမ်ရောင်နာ ဖြစ်စေပါတယ်။ လေ့လာတွေ့ရှိမှုတွေအရ ပထမဆုံးကော်ဖီတစ်ခွက်သောက်ဖို့ အကောင်းဆုံးအချိန်ကတော့ အိပ်ရာနိုးပြီး သုံးနာရီမှ လေးနာရီအကြာမှာ ဖြစ်ပါတယ်။

၈။ အိပ်ရာချက်ချင်းသိမ်းတတ်တဲ့အကျင့်

နိုးလာတာနဲ့ အိပ်ရာချက်ချင်းသိမ်းတာဟာ တစ်ညလုံးအိပ်ထားတဲ့ အိပ်ရာပေါ်က သင့်ခန္ဓာကိုယ်အစို ဓာတ်ဟာ ခြောက်သွေ့ချိန်မရတော့တဲ့အတွက် ဘက်တီးရီးယားပါတဲ့ ဖုံမှုန့်တွေအတွက် ခိုအောင်းစရာ နေရာ ကောင်းတစ်ခု ဖန်တီးပေးလိုက်သလိုပါပဲ။ သုတေသီတွေကတော့ အိပ်ရာခင်းကို ခြောက်သွေ့တဲ့အထိထားပြီးမှ အိပ်ရာသိမ်းဖို့ အကြံပြုထားကြပါတယ်။

စာစောင်လေးက အသုံးတည့်ရင် SHARE လိုက်ပါဦးနော်။